Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 1, 2014

အီတလီက ယူနတီသတင်းထောက်များကို ဂုဏ်ပြု

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် တရားဝင်လာရောက် ချီးမြှင့်ခဲ့တယ်လို့  ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အီတလီ-မြန်မာ မိတ်ဆွေများအသင်း ဥက္ကဋ္ဌက သြဂုတ်လ ၂၇ ရက်နေ့မှာ လာရောက်ပေးအပ် တာဖြစ်ပြီး ဒီဂုဏ် ထူးဆောင်မြို့သား ချီးမြှင့်မှုကို ကာယကံရှင်တွေထံ မိတ္တူပေးပို့ထားပြီးပြီလို့ သူက ပြောပါတယ်။


“တာဝန်ရှိတဲ့ Guiseppe Malpeli  ဆိုတဲ့ သံတမန်တဦးက လာပေးတာပါ။ ကာယကံရှင်တွေ တရားဝင်သိသွားပါပြီ။ ကျနော်ရုံးချိန်းနေ့မှာ ကော်ပီကူးပြီး အားလုံးကို ဖြန့်ဝေပေးလိုက်ပါတယ်” လို့ သတင်းထောက် ၄ ဦးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သတင်းရေးသားမှုနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်စီရင်ခံရတဲ့ စာနယ်ဇင်းသမားတွေကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်ခံရမှုဟာ မြန်မာနိုင်ငံအတွက်  ပထမဆုံးဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာမယ်ရူစီက “လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ်မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်းကနေတဆင့်  ကျင့်သုံး လုပ်ဆောင်သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ဒီဗွီဘီကို  ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတော့ သူတို့အတွက် ရှေ့နေတွေက မကွေးတိုင်း တရားလွှတ်တော်မှာ လျှောက်လဲခဲ့ကြပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ