Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

ပျောက်ဆုံးလေယာဉ် တွေ့အောင်ရှာမည့် သြစတြေးလျ

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ခရီးစဉ်အမှတ် MH 370 ရှာဖွေမှုတွေကို လက်လျှော့မှာမဟုတ်ဘူးလို့ သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott က ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းစဉ်မှာ ဒီလေယာဉ် ပျောက်ဆုံးသွားခဲ့တာပါ။

ဒီကနေ့ စနေနေ့မှာ မလေးရှားနိုင်ငံကို တရက်ခရီးသွားရောက်နေတဲ့ မစ္စတာ Abbott က နှစ်ပတ်အတွင်း လေယာဉ်ရှာဖွေရေး လုပ်ငန်းတွေကို ပြန်လည် စတင်မှာဖြစ်ပြီး Australia အနောက်ဖက် အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှာ ဒီရှာဖွေမှုကို ဆက်လုပ်သွား မှာ ဖြစ်ကြောင်း ပြောပါတယ်။ မတ်လ ၈ ရက်နေ့ က ပျောက်ဆုံးသွားတဲ့ MH 370 လေယာဉ်ပေါ်မှာ လူပေါင်း ၂၃၉ ဦးစီးနင်းလိုက်ပါသွားခဲ့တာပါ။

လေယာဉ်ရှာဖွေရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ Abbott နဲ့ မလေးရှား ၀န်ကြီးချုပ် Najib Razak တို့ နှစ်ဦးဆွေးနွေးခဲ့ကြတဲ့အပြင် ဇူလိုင်လအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခံရတဲ့ လေယာဉ်ခရီးစဉ်အမှတ် MH 17 နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူ ၂၈၉ ဦး လိုက်ပါစီးနင်းခဲ့တာပါ။

ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အထောက်အထားတွေစုဆောင်းဖို့ စုံစမ်းစစ်ဆေးရေးမှုးတွေကို ယူကရိန်းကို စေလွှတ်ချင်တဲ့အကြောင်းလည်း မစ္စတာ Najib ကပြောပါတယ်။ ဒါပေမယ့် ဒီလေယာဉ်ဟာ ပစ်ချခံရတာဖြစ်တယ်ဆိုတဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ရှိထားပြီဖြစ်တဲ့အကြောင်းလည်း သူကပြောပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ