Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရမှုအတွက် တရားခံဟု ယူဆရသူအား ယနေ့ထိ တရားရုံး တင်နိုင်ခြင်း မရှိသေး



သေဆုံးပြီး (၁၁)ရက်တိုင်ကြာသည့်တိုင် မှုခင်းဆရာ ၀န်များထံမှ ဆေးစစ်ချက်ထွက်မလာသေး၊ ဓားဒဏ် ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ရဟုသိရ။

မော်ဒယ်အေးချမ်းမြတ်မိုး သေဆုံးပြီး ၁၁ရက်ကြာ
မြင့်သည် အထိ မှုခင်း ဆရာဝန်များ၏ဆေးစစ်ချက် မှတ်တမ်းများ မရရှိသေးသည့် အတွက် လူသတ် တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အား တရားစွဲ ရုံးတင်မှု မပြုလုပ်နိုင်သေးကြောင်း ဒဂုံရဲစ ခန်းမှအမှုစစ် အရာရှိ ရဲအုပ် ဇာနည်ထွဋ်က  Tomorrow သို့ပြောသည်။

“ကျွန်တော်တို့ဆီကို အခုချိန်အထိ ဆေးစစ်ချက် မရရှိသေးဘူး။ သေဆုံးသူကို သင်္ဂြိုလ် ပြီးသွားပေမယ့် မှုခင်းဆရာဝန်တွေရဲ့ ဆေးစစ်ချက် မှတ်တမ်းတွေက သူတို့လက်ထဲမှာပဲ ရှိနေတုန်းပါ။ ဘာလို့ကြာနေလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး”ဟု အမှုစစ်
အရာရှိ ရဲအုပ်ဇာနည်ထွဋ်က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မတိုင်ခင် တစ်လခန့်အကြာက လူသတ် တရားခံဟု တရားစွဲဆိုခံရသူ အံ့ဖြိုးပိုင်သည်မော် ဒယ် အေးချမ်းမြတ်မိုးအား ချစ်ရေးဆိုခဲ့ပြီး ၄င်းအား ပြန်မချစ်ပါက သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့မှုများ ရှိခဲ့ပြီး ၄င်း ထိုသို့ခြိမ်းခြောက်မှု အတွက်ဆုံးမရန် ပြောဆိုမှုများ အေးချမ်းမြတ်မိုး၏ မိခင်မှ မောင်အံ့ဖြိုးပိုင် အဖေထံသို့ တိုင်ကြားပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မောင်အံ့ဖြိုးပိုင် အနေဖြင့် မအေးချမ်းမြတ်မိုး မတိုင်မီ မအေးချမ်းမြတ်မိုး အစ်မဖြစ်သူအားလည်း ချစ်ကြိုက် သည်ဟု ပြောဆိုခဲ့မှုများ ရှိခဲ့ကြောင်း၊ ထို့ပြင် မအေး ချမ်းမြတ်မိုးအသတ် မခံရမီ အချိန်တွင် စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင် အနေဖြင့် တတိယထပ်ရှိသူမတို့၏ နေ အိမ် ၀င်ပေါက်တံခါးအား အပြင်ဘက်မှ ဂျက်ချပိတ် ထားခဲ့ကြောင်း၊အေးချမ်းမြတ်မိုး တိုက်ခန်းပေါ်သို့
တက်လာစဉ် ဒုတိယထပ်တွင် ဆီးခုံသို့ ဓားဖြင့် အရင် ထိုးခဲ့ကြောင်း၊ သူမမှာ အပေါ်သို့ ဒဏ်ရာဖြင့် ထွက်ပြေး သည့် အချိန်တွင် နောက်မှလိုက်၍ ဓားဖြင့်လည်ပင်း အား ထပ်မံထိုးခဲ့ခြင်းဖြစ်၍ အေးချမ်းမြတ်မိုးမှာ ဓားဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း လည်း သိရသည်။

မအေးချမ်းမြတ်မိုးမှာ အိမ်ရှေ့ တံခါးဝ သွေးအိုင်ထဲ လဲကျအော်ဟစ်နေချိန်တွင် အပြင်မှဂျက်ချပိတ် ထားသော အိမ်တံခါးအား ပတ်ဝန်းကျင်မှ ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အိမ်ရှေ့တံခါး မပွင့်သေးခင်တွင် မအေးချမ်းမြတ်မိုး၏ အော်ဟစ်သံကြောင့် သူမ၏ အစ်ကိုဖြစ်သူမှ တိုက်ခန်းသုံးလွှာမှ အောက်သို့ ခုန်ချခဲ့ကြောင်း အောက်အရောက်တွင်လှေကားဝ၌ ပြေးဆင်းလာသော မောင်အံ့ဖြိုးပိုင်နှင့် ရင်ဆိုင်တွေ့ပြီး ရုန်းရင်းဆန်ခတ် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။

ထို့အပြင် မောင်အံ့ဖြိုးပိုင်အား ပတ်ဝန်းကျင်မှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ချိန်တွင် မောင်အံ့ဖြိုးပိုင်၏ ဖခင်ဖြစ်သူမှ မအေးချမ်းမြတ်မိုးအား သူသတ်ခဲ့တာဖြစ်ကြောင်း လူအများရှေ့တွင် မဟုတ်မမှန် ၀န်ခံခဲ့သေးကြောင်း လည်း သတင်းရရှိပါသည်။

အထက်ဖော်ပြပါ ကြားသိ ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိ အတည်ပြုချက်ပေးရန် ဒဂုံရဲစခန်းမှ အမှု စစ် ရဲအုပ် ဇာနည်ထွဋ်အား ထပ်မံ မေးမြန်းရာ “အခုညီလေးတို့သိထားတာနဲ့ ကျွန်တော်တို့ သိထားတာ အတူတူပါပဲ။ ဒဏ်ရာ ဘယ်နှစ်ချက်နဲ့ သေဆုံးတယ်ဆိုတာကတော့ မှုခင်းဆေးစာ မရသေးတဲ့ အတွက် မသိရသေးပါဘူး။ နောက်ပြီးသူများတွေ စွပ်စွဲနေသလို လူသတ်တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင် မှာ မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ယောက် မဟုတ်ကြောင်း စိတ်ဝေဒနာ မရှိဘဲ သာမန် လူကောင်းတစ်
ယောက်ပါ ဖြစ်ပါသည်”ဟုလည်း အတည်ပြုခဲ့ပါသည်။

သြဂုတ်လ ၂၆ရက်နေ့တွင် လူသတ်တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်သည် မအေးချမ်းမြတ်မိုး အား ဓားဖြင့် ထိုးသတ်ခဲ့သည့် အတွက် ပုဒ်မ ၃၀၂ဖြင့် သေဆုံးသူဘက်မှ အစ်ကိုဖြစ်သူက ဒဂုံ မြို့နယ် ရဲစခန်းတွင်အမှု ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ဆက်လက်၍ သေဆုံးသူ မအေးချမ်းမြတ်မိုး၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ ဘယ်နှစ်ချက်ဖြင့် သေဆုံးသည် ကို လည်းကောင်း၊ အချိန်ကာလအားဖြင့် (၁၁)ရက် ကြာမြင့်သည်အထိ မှုခင်းဆိုင်ရာ ဆေးစစ်ချက်မရ ရှိသေး သည့် ကိစ္စအား လည်းကောင်း မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးရှိ မှုခင်း ဆရာဝန်များသည် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သောကြောင့် Tomorrow သတင်းဂျာနယ်မှ မေးမြန်းဆက်သွယ်
အတည်ပြုခွင့် မရရှိခဲ့ပေ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ