Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

မေမြတ်နိုးသတင်းစာရှင်းလင်းပွဲ ကောက်နူတ်ချက်များ

““Crown ပြန်သိမ်း မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေကို အခုမှ မဟုတ်ဘဲ ပြည်ပ ပြိုင်ပွဲပြီးလို့ ပြန်လာပြီး ရက်ပိုင်း ကတည်းက မြန်မာပြည် ကိုယ်စားပြု National ဒါရိုက်တာ ဆိုသူ ကစပြီး ခြိမ်းခြောက်ခဲ့ တာပါ။ ပြိုင်ပွဲ မပြိုင်ခင် ကတည်းက သမီးရဲ့ အား နည်းချက်တွေကို ပြောပြခဲ့ပြီး အားပေးရမယ့် အစား အားလျော့ စေမယ့် စကားတွေကို ပြိုင်ပွဲ တစ်လျှောက်လုံး ပြောခဲ့တာပါ။ သမီးက မြန်မာနိုင်ငံ ကိုယ်စားပြု ဆုရ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ပြိုင်ခဲ့တာပါ။
ပြိုင်ပွဲပြီးတော့ ကိုးရီးယားမှာ ဆရာမ ယောက်ျားနဲ့ ၂ ယောက်တည်း ထားခဲ့ချိန်မှာ ဆရာမယောက်ျား ဆရာဖြိုးပိုင်ဦးက ညအချိန်မတော် ပြောစရာရှိ၍ ဆိုပြီး အခန်းကို အတင်းတံခါး ခေါက်လာ ခဲ့ဖူးပါတယ်။ သမီးရဲ့ အခန်းဖော် ရှိတာကြောင့် မသင့်တော်တာနဲ့ အပြင်ထွက်ပြီး ပြောသမျှ နား ထောင်ပေးခဲ့ရပါတယ်။ ပြောတဲ့အထဲမှာ စာချုပ် ၃ နှစ်ချုပ်ဖို့ကိစ္စဆိုတော့ အမေနဲ့ တိုင်ပင်ပြီး နောက်ဆုံးစာချုပ်ချုပ်ဖြစ်လိုက် တယ်။ ကိုးရီးယားကို နောက်တစ်ခေါက်သွားတော့ ဆရာမက သူတို့ကို ကန်ပြီး ထွက်သွားတယ်ဆိုပြီး သတင်းထုတ်ပါတယ်။ ဒါကလည်း ကိုးရီးယား Organization က သမီးကို နင့်မကောင်းကြောင်းတွေနေ့ စဉ်နဲ့အမျှ ငါတို့ကို လာပြောနေတယ်ဆိုပြီး အဆက်အသွယ် ဖြတ်ခိုင်းခဲ့တာပါ။ ဆရာမ လှနုထွန်းတို့နဲ့ အစောပိုင်းစာချုပ်မချုပ်ခဲ့တာကလည်း ကိုးရီးယားက Organization ရဲ့ စကားအရ မချုပ်ခဲ့တာပါ။ ဟို ရောက်တော့ သမီးကို အဆက်အသွယ် ဖြတ်ပြောခဲ့တဲ့ Organization နဲ့ National ဒါရိုတ်တာတွေ ပြန်ဆက်သွယ်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်””

““အစောပိုင်းခေါ်တုန်းက အမေရော သမီးပါ နေဖို့ စားဖို့ လုံခြုံရေးအစစ အရာရာ စီစဉ်ပေးမယ်၊ ရောက်တာနဲ့ Traning လုပ်ရမယ်၊ ပြီးရင် MATI အဖွဲ့ဖွဲ့ပြီး စီးရီးထုတ်လို့ အခွေနာမည် သီချင်းဘယ်နှပုဒ် ကအစ အသေးစိတ် E-mail ပို့အသိပေး ခဲ့ပြီး ဟိုရောက်တော့ အစီအစဉ်ပြောင်းသွားပြီ၊ စီးရီးလည်း မထုတ်တော့ဘူး။ သမီး တယောက်တည်းကို ခေါင်းအစ ခြေအဆုံး ပလပ်စတစ်ဆာဂျရီလုပ်ပေးမယ်၊ သားအမိ နှစ်ယောက်စလုံး ငြင်းပိုင်ခွင့် လုံးဝမရှိဘူး။ ပြီးရင် ဒီမှာနေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက် ဖို့ ငွေလိုတယ်၊ ငွေရှာဖို့ တနည်းပဲရှိတယ်။ စပွန်ဆာရှာရမယ်လို့ပြောတယ်။ ပြီးရင် ဗီဇာရက်တိုးဖို့ ဂျပန်ကို အမေမပါဘဲ သွားရ မယ်။ ဂျပန်ကနေမှတစ်ဆင့် မြန်မာလူမျိုးအနေနဲ့ ဗီဇာတိုးမှရမယ်လို့ ပြောတယ်။ ပြီးရင် ဆက်သွယ်ပေးမယ့်လုပ်ငန်းရှင်တွေနဲ့ သူတို့လိုအပ်တဲ့အချိန် အနားမှာနေပေး ရမယ်လို့ပြောပါတယ်။ နောက် ပင်လယ်နားက ကမ်းခြေမြို့လေးမှာ ခေါ်သွားပြီး ပလပ် စတစ်ဆာဂျရီလုပ်တဲ့အဆောက်အဦးတခုမှာ နေရာသူပေးခဲ့ပါတယ်။ အဲဒီမှာ သမီးတို့က မလုပ်နိုင်ဘူးငြင်းတော့ အမေရှိရင် သူတို့ စပြီးမခွဲစိတ်ဘူးဆိုပြီး သမီးတို့ကို ထားသွားခဲ့တာ သမီးတို့မှာ စားရ နေရတာ အတော်ခက်ခဲပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေခဲ့ရပါတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ ဒုက္ခတွေကြားထဲက မြန်မာပြည် ရောက်အောင် မနည်းပြန်လာခဲ့ရတာပါ။
ဗီဇာ
သမီးတို့သားအမိကို ကိုရီးယားက လာဖို့ကမ်းလှမ်းတဲ့အထဲမှာ သမီးကိုရော၊ အမေကိုပါ နေစရိတ်၊ စားစရိတ်၊ သွားလာ ရေး အစစစီစဉ်ပေးပါမယ်လို့ ပါရှိပါတယ်။ ပြီးတော့ ဗီဇာသွားလျှောက်တဲ့အခါ အမေ့ ကို ၂၉ ရက်နေ့ထိပဲ ရေးထားသေးတယ်။ ဒါပေမဲ့ သံရုံးက သမီးတို့သားအမိကို ယုံတဲ့ အတွက် ၃ လပေးလိုက်တာပါ။ ဗီဇာဆိုတာ သမီးတို့အနေနဲ့လုပ်ပြပြီး လုပ်လို့မရနိုင်ပါဘူး။

Crown ပေး၊ မပေး
မြန်မာအမျိုးသမီးတယောက်ကို အမျိုးမျိုးစော်ကားပြီး ဂုဏ်သိက္ခာပျက်စေတဲ့ စကားတွေနဲ့ စော်ကားတဲ့ Organization နဲ့ ပတ်သက်ရမှာ သမီးလည်းမလို လားပါဘူး။ သူတို့ဆီကရှိနေတဲ့ ဥစ္စာကိုလည်း သမီးဂုဏ်ယူစရာလို့ မထင်ပါဘူး။ ဖြစ်နိုင်ရင် ချက်ချင်းတောင်ပြန်သွားပေး လိုက်ချင်ပါတယ်။ ဒါပေမဲ့ ရေးထားတဲ့စာအရ National ဒါရိုက်တာကို ပေးရမယ်ဆိုတာ သမီးတော့ လုံးဝလက်မခံပါဘူး။ မယ်တွေ ၃ ယောက်ရွေးပြီး သူတို့ပဲ ပြန်သိမ်း လုပ်ချင်ရာလုပ်နေတဲ့အတွက် သူတို့ ရဲ့စိတ်ဓာတ်ကို မကြိုက်တဲ့အတွက် သူတို့ ကို ဘယ်နည်းနဲ့မှ ပြန်မအပ်ပါဘူး။ Organization ကလည်း သူတို့အမှားကို ဖုံးဖို့ သမီးကို အမျိုးမျိုး ချောက်ချစော်ကားတယ်။ ဒါကြောင့် သူတို့ဘက်က ကျေနပ်တဲ့အထိ တောင်းပန်တယ်ဆိုရင် Organization ကို Crown ပြန်ပေးမှာပါ။

Crown ဒေါ်လာ ၁ သိန်းတန်သလား
သမီး မသိပါဘူး။ Crown တန်ဖိုးသိလို့ ၀င်ပြိုင်တာလည်းမဟုတ်ပါဘူး။ Crown တန်ဖိုးသိလို့ ပြန်အပ်ချင်စိတ်မရှိ တာလည်း မဟုတ်ပါဘူး။ သမီးလေ့လာဖူးတဲ့ အင်တာဗျူးတွေအရ ဒေါ်လာ ၁ သိန်း ထက် အများကြီးလျော့တယ်လို့ သိရပါတယ်။ ဒီ Crown နဲ့ပတ်သက်ပြီး ရှေ့မှာ ဒီလိုသတင်းတွေ ထွက်ခဲ့ဖူးတယ်ဆိုတာ ဟုတ်လား။
၂၀၁၁ က ကိုရီးယား Miss ကလည်း အခုလို စပွန်ဆာနဲ့ချိတ်ပေးတဲ့ အစီအစဉ်တွေလုပ်ခဲ့လို့ အသိမ်းမခံရဘဲ သူ့ သဘောနဲ့သူ နောက်နေ့ crown ပြန်သွား ပေးခဲ့တာပါ။ အဲတော့ Miss France ကို ပေးတယ်။ Miss France ကလည်း အဲလို အစီအစဉ်တွေ လက်မခံတော့ Crown သိမ်းတယ်။ ပြီးတော့ Miss ယူကရိန်းကျတော့ လက်ခံပြီး ပလတ်စတစ်ဆာဂျရီ လုပ်တယ်။ သူတို့နဲ့ လက်တွဲလုပ်ခဲ့တယ်။ နောက် ၂၀၁၂ မှာကျတော့ အဲလိုပဲလုပ်လို့ Miss တွေ ထွက်ပြေးကြတယ်။ အဲဒီ Miss တွေက ရဲခေါ်တဲ့အဆင့်ထိ ရောက်တဲ့အခါ ရဲကို လာဘ်ထိုးပြီးပြန်လွှတ်တယ်။ လေဆိပ်ရောက်တဲ့အထိ အမျိုးမျိုး နှောင့်ယှက်ခံရ တယ်လို့ မြတ်နိုး လေ့လာတွေ့ရှိရပါတယ်။

လူကုန်ကူးမှုမြောက်သလား

သမီးလည်း မြန်မာပြည်က လူကုန်ကူးမှု တားဆီးရေးနေရာမှာ ပါဝင်ခဲ့ဖူးပါတယ်။ အခုကိစ္စက ဒီလိုလုပ်ပြီး စော်ကား ခံရတဲ့ပုံစံဆိုတော့ မြတ်နိုးသည်းမခံနိုင်ပါဘူး။ မြတ်နိုးဘက်က သက်ဆိုင်ရာလူကြီး တွေပါပြီး ဦးဆောင်ပေးမယ်ဆိုရင် အဲဒီထိ မြတ်နိုးသွားချင်ပါတယ်။

ရင်သားခွဲစိတ်မှုနဲ့ပတ်သက်ပြီး

သမီးကို ခေါင်းအစ ခြေအဆုံး ခွဲစိတ်ပေးမယ်ဆိုပြီး ပလတ်စတစ်ဆာဂျရီ လုပ်တဲ့နေရာမှာ ၂ ရက်ထားခဲ့ပေမယ့် မြတ်နိုး အသက်ရှင်လျက်နဲ့ ဒါမျိုးကိုလက် မခံနိုင်ပါဘူး။ အုပ်ထိန်းသူ မေမေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ လက်မခံနိုင်လို့ လည်း မြန်မာပြည်ရောက်အောင် ပြန်လာခဲ့တာပါ။

ကိုရီးယားမှာ နာ့စ်မဆီက မြတ်နိုး ရဲ့အမေ ငွေချီးသွားတယ်ဆိုတဲ့ကိစ္စ

Organization က နေစရိတ်၊ စားစရိတ်၊ လုံခြုံရေး အစစအရာရာ စီစဉ်ပေး မယ်ဆိုပြီး အဲဒီ ပလတ်စတစ်ဆာဂျရီ အဆောက်အဦမှာထားခဲ့ပြီး သူတို့ထွက်သွားတာ။ ကြားကာလမှာ ကိုယ့်ဘာသာ အမေယူလာတဲ့ငွေလေးနဲ့ ဖြစ်သလို နေစားနေခဲ့ရတာ။ နေရာမသိ မသွားတတ် မလာတတ်ဆိုတော့ နာ့စ်မကို ဒေါ်လာလဲ ခိုင်းတာလောက်ပဲ ရှိပါတယ်။ သူတို့ဆီက တပြားမှ ချီးထားခဲ့တာမရှိပါဘူး။ အတွင်းခံကို ၁၈ ဒေါ်လာပေးပြီး ၀ယ်တယ်ဆိုတာကတော့ စဉ်းစားကြည့်ပါတော့ ဖြစ်နိုင်မဖြစ်နိုင်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ