Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

အယ်လ်ရှာဘတ်အဖွဲ့ ခေါင်းဆောင်သစ်ကြေညာ

မိုဂါဒစ်ရှူး စက်တင်ဘာ ၈

အမေရိကန်တို့၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ခေါင်းဆောင်ဟောင်း အာမက်အက်ဒီဂေါ့ဒိန်း သေဆုံးပြီးနောက် ၎င်းနေရာကိုဆက်ခံရန် အာမက်အူမာအား ခေါင်းဆောင်သစ် ရွေးချယ်လိုက်ကြောင်း ဆိုမာလီ အစ္စလာမ္မစ်အုပ်စု အယ်လ်ရှာဘတ်က ကြေညာသည်။


ဂေါ့ဒိန်းသေဆုံးမှုအတွက် လက်စားချေတုံ့ပြန်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း အဆိုပါစစ်သွေးကြွ အဖွဲ့ကအွန်လိုင်းမှတစ်ဆင့် ကြေညာ ချက်ထုတ်ပြန်ထားသည်။

ဆိုမာလီနိုင်ငံတွင် အယ်လ်ရှာ ဘတ်တို့၏ တိုက်ခိုက်မှုများဖြစ်ပွား လာနိုင်ကြောင်း အာဏာပိုင်များက အစောပိုင်းတွင် တပ်လှန့်နှိုးဆော် ထားသည်။ တနင်္လာနေ့ညက မိုဂါဒစ်ရှူးတောင်ပိုင်း လေကြောင်းတိုက် ခိုက်မှုအတွင်း ဂေါ့ဒိန်းသေဆုံးကြောင်း အတည်ပြုပြောကြားလိုက် ပြီးနောက် အာဏာပိုင်များ အဆိုပါ တပ်လှန့်သတိပေးမှုများ ထွက်ပေါ်လာသည်။

ယခုရွေးချယ်လိုက်သော အယ်လ်ရှာဘတ်ခေါင်းဆောင် အာမက်အူမာကို လူသိနည်းပြီး အဘူအူဘိုင်ဒါဟု လည်း သိကြကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းသည် အယ်လ်ရှာဘတ်တပ်မှူး များထဲမှ တစ်ဦးဖြစ်ပြီး ၎င်းအား ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း ရွေးချယ်လိုက်သည်ဟု ဆိုသည်။

အယ်လ်ရှာဘတ်အဖွဲ့က ၎င်းတို့ ကိုယ်တိုင် ဂေါ့ဒိန်းသေဆုံးကြောင်း အတည်ပြုလိုက်ပြီး မိနစ်ပိုင်းအကြာ ခေါင်းဆောင်သစ် ရွေးချယ်ရေး ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ