Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ရေရရှိမှု အဆင်မပြေသေးသည့် ကျေးရွာအချို့ သုံးရာသီလုံး လက်ယက်တွင်းရေ များကို အဓိကသုံးစွဲနေရ



စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် မောက်သရက် ကျေးရွာတွင် သောက်သုံးရေ ရရှိမှု အဆင် မပြေ သေးသည့် အတွက် သုံးရာသီလုံး လက်ယက် တွင်းရေ များကိုသာ အဓိကထား သုံးစွဲ နေရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း က ပြောကြား သည်။

''ရွာမှာက အခုထိ သောက်သုံးရေ ရရှိမှု အခြေအနေက အဆင်မပြေ သေးဘူး။ အဲ့ဒါကြောင့် ငမောက်
ချောင်း ဘေးမှာ လက်ယက်တွင်း လေးတူးပြီး သောက်သုံးရေ ကို ခက်ခက်ခဲခဲ သုံးစွဲ နေရပါတယ် ... '' ဟု ၄င်းက ဆက်လက်၍ ပြောပြသည်။

အဆိုပါ မောက်သရက် ကျေးရွာသည် ဆားလင်းကြီး မြို့နယ် ညောင်ပင်ကြီး ကျေးရွာ နှင့် ယင်းမာပင်မြို့ သွားကားလမ်း မိုင်တိုင် အမှတ် ၁၁ မိုင် ၁ ဖာလုံနေရာမှ လက်ယာဘက်သို့ လမ်းခွဲ၍ အင်ကြင်းတောင် ကြိုးဝိုင်း အတွင်းမှ ၂ မိုင် ၄ ဖာလုံခန့် ကျောက်ကြမ်း လမ်းကြီးကို ဖြတ်သန်း သွားရသည်။

မောက်သရက် ကျေးရွာသည် အိမ်ခြေ ၂၆၃ အိမ်၊ လူဦးရေ ၁၂၂၉ ဦး နေထိုင်လျက် ရှိသည်။ ၄င်းကျေးရွာ ဒေသခံ ပြည်သူများသည် မောက်သရက် အရှေ့ရွာ နှင့် အနောက်ရွာ အကြားရှိ ငမောက်ချောင်း ဘေးတွင် လက်ယက်တွင်း လေးများ တူးဖော်ကာ သောက်သုံးရေ ရရှိရေး အတွက် လုပ်ဆောင် ကြရသည်။

ထိုသို့ လုပ်ဆောင်ကြ ခြင်းမှာ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး ဖြစ်ပြီး မောက်သရက် ကျေးရွာသည် အင်ကြင်းတောင် သစ်တော ကြိုးဝိုင်း၏ အနောက်မြောက် ဘက်အရပ်တွင် တည်ရှိပြီး သဲကျောက် ကုန်းမြင့်မြေ များပေါ်တွင် ရှေးယခင်က စတင်ပြီး ရွာတည် ထားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ၁ဝ နှစ်ခန့်က ယင်းမာပင် မြို့နယ် စည်ပင်သာယာရေး ဌာန၏ အစီအစဉ် များဖြင့် မောက်သ ရက် မြောက်ရွာ၌ စက်ရေတွင်း တစ်တွင်း တူးဖော်ပေး ခဲ့သည်။ အဆိုပါ စက်ရေတွင်း ရေထွက်ရှိမှု အခြေ အနေ သည် ယခု အချိန်တွင် အဆင်မပြေ ဖြစ်သည့် အတွက် လက်ယက်တွင်း ရေများကို အဓိက ထား သုံးစွဲ နေရခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ