Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 5, 2014

ထားဝယ်တွင် အမျိုးသမီး လယ်သမားများ ဆန္ဒပြ

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှာ အမျိုးသမီးတွေ အများစု ပါဝင်တဲ့ လယ်သမား ၃၀ လောက်က ဖမ်းဆီး ထောင်ချခံ လယ်သမားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့၊ သိမ်းဆည်း ခံလယ်ယာမြေတွေ ပြန်ရရေး မြို့တွင်းလှည့်လည် ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ထားဝယ်မြို့နယ် ကမြောကင်းလမ်းကနေ စထွက်ပြီး ထားဝယ်မြို့တွင်း တပတ်လှည့်လည် ဆန္ဒပြကြတာဖြစ်ပြီး ဖမ်းဆီးခံလယ်သမားတွေရဲ့ဇနီးတွေ အများစု ပါဝင်ဆန္ဒြ့ပ ခဲ့ကြပါတယ်။


ဆန္ဒပြရတဲ့အကြောင်းရင်းကို ဆန္ဒပြခေါင်းဆောင် ဒေါ်ရွှေစင်ယုက “ထားဝယ်မြို့မှာ လယ်သမား ၁၀ ဦးကို ထောင်ချထားတယ်။ အဲဒီအတွက် ထောင်ကျခံနေရတဲ့ လယ်သမားတွေရဲ့ မိန်းမတွေ သမီးတွေက မိသားစုဝင်တွေက မကျေနပ်လို့ ဆန္ဒပြတာပါ။ ကျမတို့ဆီက သိမ်းယူထားတဲ့ လယ်တွေမှာ အဆောက်အဦတွေ အတင်းပဲ ၀င်ရောက်ဆောက်လုပ်နေကြတယ်။ အဲဒါကြောင့် လယ်ယာမြေပေါ်မှာ အဆောက်အဦဆောက်လုပ်နေတာ ချက်ချင်းရပ်ပေးပါ၊ နောက်ပြီးတော့ မတရားဖမ်းဆီးခံထား ရတဲ့ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေနဲ့ ဖမ်းခံထားရတဲ့ ထားဝယ်မြို့ လယ်သမား ၁၀ ဦးကို ချက်ချင်းလွှတ်ပေးပေါ့နော်။ သိမ်းထားတဲ့လယ်တွေကို တရားနည်းလမ်းကျ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ပြတာဖြစ်ပြီး အာဏာပိုင်တွေရဲ့ အတားဆီး ဟန့်တားမှုတွေတော့ မရှိခဲ့ဘူးလို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။

ထားဝယ်မြို့မှာ မြို့ကွက်တည်ဆောက်ဖို့ သိမ်းယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လယ်သမားတွေနဲ့ အာဏာပိုင်တွေနဲ့ အခြေအတင်ဖြစ် ဖြစ်ပွားခဲ့ပြီး လယ်သမား ၁၀ ဦးလောက်ကို ၀တ္တရားနှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ဆဲဆိုမှု၊ ရိုက်နှက်မှုနဲ့ ဖမ်းဆီးထောင်ချခဲ့တာပါ။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ဖမ်းဆီးထောင်ချခံရသူ လယ်သမားတဦးရဲ့ သမီး ဖြစ်သူ မသန်းချို က
“ကျမတို့အဖေကို ထောင်ချထားတယ်။ ကျမတို့အဖေကို မတရားထောင်ချထားတယ်။ လယ်သမား ၁၀ ယောက်ကို ထောင်ချထားတယ်။ ကျမတို့က မတရားထောင်ချခံထားရတဲ့ လယ်သမားတွေ လွတ်မြောက်ဖို့အတွက် ဆန္ဒပြကြတာပါ။ အားလုံးနှစ်ဖက် ညှိနှိုင်းပြီးတော့ ဖြေရှင်းမှုတွေ ကျမတို့ကို လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒီမြေယာပြဿနာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ထားဝယ်မှာ ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့ဖူးပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ စစ်တပ်၊ ကုမ္ပဏီနဲ့အစိုးရက သိမ်းထားတဲ့ လယ်ဧက စုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဦးသန်းဝင်းက ပြောပါတယ်။




No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ