Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

အချိုကြိုက်​သူများ ကျန်းမာ​ရေးအတွက်​အစားထိုးစားသုံးသင့်​သည့်​အစားအစာများ




လူအများစုဟာ ချောကလက်ချောင်း၊ ကွတ်ကီး၊ ရေခဲမုန့်နဲ့ သကြားများတဲ့ အချိုရည်စတာတွေကို တစ်ချိန် မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာအရသာခံအဖုတွေ စိတ်ကျေနပ် ပြီးရောသဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေကို စားသင့်ပါတယ်။ 

သကြားများသော အချိုရည်အစား ♦

သစ်သီးအချိုရည် သောက်ပါ ချိုတဲ့အရည်စွဲလမ်းမှုကို မဖြတ်နိုင်ဖြစ်နေသလား။ သဘာဝအပင်ထွက်ပစ္စည်းပါတဲ့ အချိုရည်ကို သောက်ပါ။ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည်နဲ့ ပန်းသီးဖျော်ရည်တွေမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်နေပါတယ်။ ချိုမိန်အေးမြတဲ့ အရသာရရှိစေဖို့ သကြားမထည့်ဘဲရေခဲတုံးထည့်သောက်ပါ။

Hint - အဆင်သင့် သစ်သီးဖျော်ရည်တွေမှာ သကြား သိသာတဲ့ ပမာဏ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် သဘာဝသစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲအသင့်အတင့် သောက်သင့်ပါတယ်။

ချိုသော မုန့်များအစား ♦

သစ်သီးခြောက်စားပါ စပျစ်သီးခြောက်နဲ့ ဆီးသီးခြောက်တွေအပြင် ကီဝီသီးခြောက်၊ နာနတ်သီးခြောက်၊ မက်မွန်သီးခြောက်၊ သ ရက်သီးခြောက် စတာတွေကိုလည်းစားပါ။ ဒီသစ်သီးခြောက်တွေဟာ သကြားလုံးစားချင်စိတ်ကို လျော့ပါး စေပြီး စွမ်းအင်ပေးနိုင်ပါတယ်။

Hint - ဟင်းရွက်သုပ်ထဲကို သစ်သီးခြောက်တွေ ထည့်စားပါ။

ရေခဲမုန့်အစား ♦

ဒိန်ချဉ် သောက်ပါ ရေခဲမုန့်အစား အဆီမပါတဲ့ ဒိန်ချဉ်က အရသာရှိသလို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။ ဒိန်ချဉ်ကို ပျား ရည်အနည်းငယ်၊ စတော်ဘယ်ရီသီး စတာတွေနဲ့ စားပေးရင် အရသာကောင်းမွန်သလို ကျန်းမာစေပါတယ်။ Hint - အဆီမပါတဲ့ ဒိန်ချဉ်အေးမှာအဆီနည်း ဒိန်ချဉ်အေးမှာထက် သကြားနဲ့ ကယ်လိုရီ ပိုမိုပါဝင်ပါတယ်။

အဆင်သင့်ရေခဲချောင်းအစား ♦

ကိုယ်တိုင်ပြုလုပ်ပြီး စားပါ ပူပြင်းတဲ့ နွေကာလတွေမှာ အေးခဲနေတဲ့ ရေခဲချောင်းကို စားလိုက်ရရင်လန်းဆန်းအေးမြသွားစေပါတယ်။ ရေခဲချောင်းကို မိမိဘာသာ ပြုလုပ်ပါ။ အေးခဲနေတဲ့ သစ်သီးစိတ်နှစ်ခွက်ကို အရည်ဖျော်ပြီး ဒိန်ချဉ်နဲ့ဆတူ ရောပါ။ ပြီးရင်ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းခန့်ထည့်ပြီး ရေခဲချောင်းပုံစံခွက်ထဲ ထည့်ကာ အေးခဲအောင် ထားပါ။

Hint - ပါဝင်ပစ္စည်းနည်းနည်းနဲ့ရေခဲချောင်းပြုလုပ်လိုရင် ပုံစံခွက်ထဲမှာ သစ်သီးဖျော်ရည်ကို အေးအောင် လုပ်ပြီး စားသင့်ပါတယ်။

ချောကလက်မုန့်ချောင်းအစား ♦

Granola Bar စားပါ ကယ်လိုရီပါဝင်မှု မြင့်မားတဲ့ ချောကလက်မုန့်ချောင်းအစား စွမ်းအင်များများ ပေးနိုင်တဲ့ သရေစာမုန့်ကိုစား လိုရင်Granola Bar ကို ရွေးချယ်ပါ။ ချောကလက်မှာထက် ကယ်လိုရီပါဝင်မှုနည်းကာ အာဟာရတန်ဖိုးပိုရှိ ပါတယ်။

Hint -ကျန်းမာရေးနဲ့ ညီတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ Granola Bar ကိုရွေးချယ်စားသုံးပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ