ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ဝန်ကြီးစိုင်းအိုက်ပေါင်းအမိန့်ဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်မှုရပ်ဆိုင်းထား

စက်တင်ဘာလ ၂၆ ရက် ၂၀၁၄

သျှမ်းမြောက် နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများအားလုံး သျှမ်းပြည်နယ် သတ္တု ဝန်ကြီး စိုင်းအိုက်ပေါင်း၏ အမိန့်ဖြင့် ရပ်ဆိုင်းထားေ ကြာင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၉ ရက်က သျှမ်းပြည်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း နမ့်ခမ်း မြို့သို့ ရောက်ရှိပြီး သတ္တုတူးဖော်မှု လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန် မြို့နယ်ထွေ အုပ်ရုံး၌ နှုတ်မိန့်ဖြင့်ပြောဆိုခဲ့ကြောင်း မြို့နယ်အုပ်ချုပ် အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးစိုင်းဆိုင်သျှဲန်ဝမ်း ကဆိုသည်။

“သတ္တုဝန်ကြီးက သတ္တုထုတ်လုပ်ခွင့် သယ်ဆောင်ခွင့် လုပ်ငန်းအားလုံး ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့တယ်၊ အမိန့် မထုတ်ခင် စက်တင်ဘာလ ၅ ရက်နေ့ မှာလည်း ကျနော်တို့ဒေသခံများစုပေါင်းပြီး သတ္တုတူး ဖော်ရေးလုပ်ငန်း ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သေးတယ် ၊ ဆန္ဒထုတ်ဖော်တဲ့နေ့မှာလဲ အုပ်ချုပ်ရေး မှူးက ၂၀၀၄ သြဂတ်စ်လ ၃၁ ရက်စွဲနဲ့ သတ္တုတူးဖော်မှုများယာယီ ရပ်ဆိုင်းဖို့ ကြေငြာချက်တစ်စောင် ထုတ်ခဲ့သေးတယ်” ဟု ၄င်းက ပြော သည်။

နမ့်ခမ်းမြို့နယ် အတွင်းတွင် သတ္တုတူးဖော်ရေးပါမစ်ရ ကုမ္ပဏီများနှင့် ပါမစ် မရသည့် သတ္တုတူး ဖော်ရေး ကုမ္ပဏီ များ ရှိနေကြောင်း ၊ ကုမ္ပဏီ တချို့ ၂၀၂၁ ခုနှစ်အထိ သတ္တုတူးဖော်ခွင့် ပါမစ်ရရှိ ထားကြ ကြောင်း နမ့်ခမ်းမြို့ နယ် အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ဝင်နှင့် ကျားခေါင်းပါတီ အလုပ်အမှုဆောင် ဦးစိုင်းအောင်ဝင်း ကဆို သည်။

“ဒေသခံပြည်သူများရဲ့ ဆန္ဒသဘောထားမပါဘဲ သတ္တုတူးဖော်ရေး လုပ်ငန်းကို ဘယ်တော့မှ လုပ်ကိုင်ခွင့် မပြု ဘူးလို့ သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က ထွေအုပ်ရုံးအစည်းအဝေးမှာပြောတယ်” ဟု ၄င်းက သျှမ်းသံတော် ဆင့် အားပြောသည်။

ယနေ့ထိ နမ့်ခမ်းမြို့နယ်အတွင်းရှိသတ္တုတူးဖော်မှုလုပ်ငန်းအားလုံးရပ်ဆိုင်း ထား သည်ကိုတွေ့ရ ကြောင်း သို့သော် သတ္တုတူးဖော်ရေးကုမ္ပဏီသုံး ကားငယ် များ သွားလာနေဆဲဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်မှုးတစ် ဦး ကဆိုသည်။

နမ့်ခမ်းမြို့နယ်အတွင်း၌ သတ္တုတူးဖော်နေသော ကုမ္ပဏီကြီး များမှာ GSM ၊ ငွေကမ္ဘာကျော်၊ စွမ်ငင်း ခမ်း၊ နှစ်သစ် အာရှ၊ မြန်မာ့မြှားဦးနှင့် စိန်ပဒေသာ တို့ဖြစ်ကြကြောင်း ဒေသခံများထံမှသိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ