Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး

စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။

တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက  ပြန်လည်ဖြေကြားသည်။

"စက်တင်ဘာလထဲ သတင်းစာရှင်းလင်းပွဲတွေ လုပ်သွားမှာပါ။ ဖုန်းတိုင်းမှာ 2G,3Gပြောလို့ရမယ်။ 2G ဟန်းဆက် မှာဆိုရင် 2G နဲ့ 3G ပါတဲ့ ဟန်းဆက်ဆိုရင်လည်း 3G ပြောလို့ရမယ်။ တစ်ကဒ်ထဲမှာ နှစ်ခုလုံးပြောလို့ရမှာပါ။ တာဝါတိုင်တွေလည်း ထပ်မံတိုးချဲ့သွားမှာဖြစ်ပါတယ်။ ဖုန်းနံပတ်က ဝ၉-၇၉ နဲ့စမှာပါ"ဟု ၎င်းကပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ စက်တင်ဘာလ အတွင်း ရောင်းချသွားမည်ဖြစ်ကာ မည်သည့် အော်ပရေတာနှင့် ဆက်သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်၂၅ကျပ်ထက် မပိုသောနှုန်း ကျသင့်မည်ဟုဆိုသည်။

ထို့ပြင် အင်တာနက်၊  ဗီဒီယိုခေါ်ဆိုမှု၊  စာတိုပို့ခြင်းစသည့် Package ဝန်ဆောင်မှုများနှင့် ရောင်းချမည့် နေ့ရက်ကို  သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် အနီးကပ်ဆုံးအချိန်တွင်အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ