Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

တယ်လီနော ဆက်သွယ်ရေးကွန်ရက် စတင်ချိန်တွင် ကြိုတင် ခန့်မှန်းထားသည်ထက် တာဝါတိုင်အရေအတွက် နည်းမည်



တယ်လီနောမြန်မာက ယခုလအတွင်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ယခင်ကြေ ညာထားသည့် တာဝါတိုင် အရေအတွက် ၈၀၀ မှ ၁၀၀၀ အောက်လျော့နည်းကာ တာဝါတိုင် ၆၀၀ ခန့်သာ တည်ဆောက် ပြီးစီးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။

တယ်လီနော အပါအဝင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများမှာ တာဝါတိုင် တည်ဆောက်ရာတွင် သက်ဆိုင် ရာ အာဏာပိုင်များထံမှ မြေပါမစ် မရရှိမှုများ၊ အချို့သော မြေကွက်များမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု များ ပေါ်ပေါက်သဖြင့် တည်ဆောက်ရေး ပိုင်းများတွင် နှောင့်နှေးမှုများ ကြုံတွေ့နေရသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများတွင်မူ ယင်းသို့သော အ ခက်အခဲများ ရင်ဆိုင်ရသည်ဟု မကြားမိကြောင်း တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီ အသိုင်းအဝန်းထံမှ သိရသည်။

“အရည်အသွေး ကောင်းမွန်တဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးစနစ် တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကွန်ရက် တည်ဆောက်မှုတွေကို အပြင်းအထန် လုပ်နေပါတယ်။ တာဝါတိုင် တည်ဆောက်ရေးမှာ ပါမစ် ကိစ္စတွေနဲ့ တခြား အခက်အခဲတွေ ရှိနေတာကြောင့် တည်ဆောက်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးမှုတွေ ရှိနေပါတယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် တယ်လီနောသည် ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် တာဝါတိုင်ပေါင်း ၈၀၀ မှ ၁၀၀၀ အထိ ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ် အကုန်တွင် နိုင်ငံအနှံ့တွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၄၀၀ ခန့်ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ကြောင်း Mr.Petter Furberg က ယခု နှစ် လယ်ပိုင်းက ပြောကြားထားသည်။

“တာဝါတိုင်ဆောက်တဲ့ ကုမ္ပဏီတွေ အများဆုံးတက်တဲ့ ပြဿနာကတော့ ပါမစ်မရတဲ့ ကိစ္စရယ်၊ ဒေသ ခံတွေ ကန့်ကွက်တာတွေရယ်ပဲ။ တစ်ဖက်ကလည်း ပြည်တွင်းက တချို့ ကန်ထရိုက်တာတွေက ခြံပိုင် ရှင်တွေကို ပိုက်ဆံ လျှော့ပေးတာတို့လို ကိစ္စတွေကြောင့်လည်း ပါတယ်။တာဝါတိုင် ဆောက်တာတွေ
နောက် ကျရင် ပြည်သူတွေပဲ နစ်နာတယ်” ဟု ပြည်တွင်း ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်ရေး
ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ အထွေထွေ မန်နေဂျာတစ်ဦးက ဆိုသည်။

တယ်လီနောမြန်မာ၏ ဆက်သွယ်ရေး တာဝါတိုင် အပါအဝင် အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများကို Apollo Towers နှင့် Irrawaddy Green Technology (IGT) တို့က တာဝန်ယူ တည်ဆောက်
နေသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ