Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

မိကျောင်းကန်ပြည်သူများ အခြားနည်းလမ်းဖြင့် နစ်နာကြေးရရန်ရှိ

မိကျောင်းကန်ပြည်သူများ ဆန္ဒပြနေစဉ်
 သပိတ်စခန်းဖွင့်ဆန္ဒပြ တောင်းဆိုနေသော မိကျောင်းကန် ပြည်သူများသည် ၎င်းတို့မြေယာ အစား အခြားနည်းလမ်းများဖြင့် နစ်နာကြေးများရရှိရန် အဖြေရှိနေ ကြောင်း ပြည်သူ့လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။


‘‘ပြဿနာတစ်ခုဖြေရှင်းဖို့ ၀င်တော့မယ်ဆိုရင် ရနိုင်တယ် လား၊ မရနိုင်ဘူးလားဆိုတာ စဉ်း စားရပါတယ်။ မရနိုင်ဘူးဆိုရင် ဖျောင်းဖျရပါတယ်။ ပြဿနာက ဘာလဲ အဆုံးမှာဘာလဲဆိုတာမြင်ကြည့်ရပါတယ်။ ဒီလူတွေက မရနိုင်တာကို တောင်းဆိုတာ မဟုတ်ဘူး။ ရနိုင်တာကို တောင်းဆိုတာ။ အဖြေက ဘယ်လိုပေးမလဲဆိုတာပဲ။ အဆုံးမှာ ရသင့်ရထိုက်တာတွေ ပြန်ရမယ်လို့ ယုံကြည်တယ်’’ဟု စက်တင်ဘာ ၈ ရက်တွင် မိကျောင်းကန်ပြည်သူများထံလာရောက်သော ဦးခိုင်မောင်ရည်က မီဒီယာများအား ပြောကြားသည်။
လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အ ဖွဲ့သည် မိကျောင်းကန်ပြည်သူများ တောင်းဆိုနေသော ယာမြေများ ကို ပြန်ရရှိရန်အတွက် လွှတ်တော်တွင် ထူးခြားဖြစ်စဉ်ဖြင့် တင်ထား ခြင်းဖြစ်ပြီး အဆိုပါမြေယာရရှိရန် အစွမ်းကုန်ကြိုးစားပေးမည်ဟု မိ ကျောင်းကန် ပြည်သူများအား ကတိပေးထားသည်။
မြေယာပြန်လည်ရရှိရန် သပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆို နေသော မိကျောင်းကန်ပြည်သူ များ သပိတ်စခန်းဖွင့်ဆန္ဒပြတောင်း ဆိုသည်မှာ ယနေ့တွင်ရက်ပေါင်း ၁၆၉ ရက် ပြည့်ပြီဖြစ်သည်။ ဆန္ဒပြတောင်းဆိုနေသူ ၇၆နှစ်အရွယ် ဒေါ်သောင်းညွန့်သည် လူကြီးရောဂါဖြင့် သြဂုတ်လ ၈ ရက်၌ ကွယ်လွန်သွားခဲ့သည်။ သပိတ်စခန်းဖွင့် တောင်းဆိုရာတွင် အသက် (၇၀) ကျော်အရွယ် အမျိုးသမီးအများစု ပါဝင်နေပြီး ဆန္ဒပြတောင်းဆိုသူ ၁၅၀ ဦးခန့်ရှိကြောင်း သတင်းရရှိ သည်။
၁၉၉၂ ခုနှစ်တွင် သင်္ဃန်း ကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း၁၊ ၂၊ ၃ ရပ်ကွက်၌ နေထိုင်သော အိမ်ထောင်စု ၁၂၀၀ ၀န်းကျင်ကို မြန်မာ့မီးရထားပိုင်မြေဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့သည်။ ဖယ် ရှားခံရသော ပြည်သူများကို ပဲခူး ရိုးမအစပ်ရှိ အေးသာယာ၊ အေးမြ သီတာ။ မော်လမြိုင်မြို့နယ်။ ရွှေ ပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၌ မြေနေရာ ပေ ၄၀×၆၀ တစ်ကွက် လျှင် ကျပ် ၄၈၀၀ ဖြင့် မြေနေရာ ပြန်လည်ချထားပေးခဲ့ကြောင်း မိကျောင်းကန်ပြည်သူများက ဆိုသည်။
ယခင်ကတည်းက နေထိုင် လာသော မိကျောင်းကန်ပြည်သူ များကို ဖယ်ရှားကာ ယင်းမြေနေရာ များတွင် တပ်မတော်မိသားစု သက်သာချောင်ချိရေးအတွက် ပန်းစိုက်ပျိုးသောသူများအား လစာဖြင့် မြေငှားရမ်းခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက် တွင် မြေနေရာငှားရမ်းနေထိုင်သူ များကို စစ်တပ်က အင်အားသုံး ဖယ်ရှားခဲ့သည်။ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေရာများတွင် ယခုလက်ရှိအချိန်ထိ မည်သူမျှ နေ ထိုင်ခြင်းမရှိဘဲ စစ်တပ်က သံဆူးကြိုးခတ်ကာ ကာရံထားသည်။
မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်ရှိ ပြည်သူများသည် ၎င်းတို့၏ ဘိုးဘွားများနေထိုင်ခဲ့သော မြေနေရာများကို စစ်တပ်က သိမ်းယူခဲ့သောကြောင့် ၎င်းတို့၏ မြေနေရာပြန်လည်ရရှိရန် ၂၀၁၃ အောက်တိုဘာ ၂ ရက်မှ ၅ ရက် အထိ မဟာဗန္ဓုလပန်းခြံဘေး၌ သပိတ်စခန်းဖွင့်ခဲ့ကြသည်။
သပိတ်စခန်း ဖွင့်ရာတွင် လွှတ်တော်လယ်ယာမြေစုံစမ်း ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဟု မိကျောင်းကန်ပြည်သူများအား ပြောဆိုသောကြောင့် သပိတ်စခန်း ပိတ်သိမ်းခဲ့သည်။
လွှတ်တော်တွင် ထူးခြားမှု မရှိ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်၌ သပိတ်စခန်းထပ်မံဖွင့်ကာ တောင်းဆိုခဲ့သည်။ ထိုသပိတ် စခန်းဖွင့်ရာတွင် ၁၇ ရက်ကြာမြင့် ပြီးနောက် ဆီးဂိမ်းအားကစားပြိုင် ပွဲကျင်းပချိန်ဖြစ်၍ အနှောင့်အ ယှက်မဖြစ်စေရန်ဟု ဆိုကာ သပိတ်စခန်းပိတ်သိမ်းခဲ့သည်။
မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်ရှိ မြေနေရာများပြန် လည်ရရှိရန် အဆိုပါပြည်သူများ က ဆန္ဒထုတ်ဖော်မှုခုနစ်ကြိမ် ပြု လုပ်ခဲ့ပြီး သပိတ်စခန်းဖွင့်ကာ ဆန္ဒ ပြတောင်းဆိုမှုနှစ်ကြိမ် ပြုလုပ်ခဲ့ သည်။
မိကျောင်းကန်သပိတ်စခန်း ၌ ပြည်သူများတောင်းဆိုနေသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေ နေရာများကို ပြန်ပေးရန်အစီအစဉ် မရှိတော့ကြောင်း စစ်တပ်က ထုတ် ပြန်ထားသည်။
ယခုတတိယအကြိမ်မြောက် သပိတ်စခန်းဖွင့်တောင်းဆိုသော မိကျောင်းကန် သပိတ်စခန်း ဆောက်လုပ်ထားသည့် ယာယီတဲ များကို လမ်းနယ်နိမိတ်အတွင်း ဆောက်လုပ်ထားသည်ဟု ဆိုကာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် အင်အားသုံး ဖယ်ရှားခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ