Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

စည်းကမ်းမဲ့ တိရစ္ဆာန်များ သယ်ယူခြင်းသည် အများပြည်သူ စိတ်ငြိုငြင်ဖွယ်ရာ ဖြစ်သည့်အတွက် ပြစ်မှုမြောက်

မုံရွာ ၊ ၉-၉-၂၀၁၄

ရဟန်းရှင်လူ ပြည်သူအများ သွားလာ အသုံးပြုလျက် ရှိသော လမ်းမကြီး များပေါ်တွင် တိရစ္ဆာ န် များကို သယ်ယူ ပို့ဆောင် နေခြင်း သည် အများ ပြည်သူ၏ စိတ်ကို ငြိုငြင်ဖွယ်ရာ ဖြစ်ပေါ် စေနိုင်သည့် အတွက် ထိုသို့ သယ်ယူ ပို့ဆောင် ခြင်းသည် ဥပဒေ ကြောင်းအရ ပြစ်မှု ထိုက်ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး က ပြောပြသည်။


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ၏ ရဟန်းရှင်လူ ပြည်သူအများ စည်းကမ်းမဲ့ တိရစ္ဆာ န်များ သယ်ယူ ခြင်းသည် အများပြည်သူ စိတ်ငြိုငြင် ဖွယ်ရာ ဖြစ်သည့် အတွက် ပြစ်မှုမြောက် သွားလာလျက် ရှိသော လမ်းမကြီး များပေါ်တွင် တိရစ္ဆာန် များကို ထားရှိပြီး စည်းကမ်းမဲ့ သယ်ယူ ပို့ဆောင် နေခြင်းကြောင့် ''တိရစ္ဆာန် တွေကို ဘယ်လို ရည်ရွယ်ချက် မျိုးနဲ့မဆို တစ်နေရာ ကနေ နောက် တစ်နေရာကို ပြောင်းရွှေ့ဖို့ သယ်ယူ ပို့ဆောင် တဲ့အခါ အစာ ရေစာကို အလုံ အလောက် ထည့်ထား ပေးရပါ့မယ်။ ပြီးတော့ လေဝင်၊ လေထွက် ကောင်းမွန်စွာ ထားရှိပြီး သယ်ယူ ပို့ဆောင် ပေးရပါ့မယ်။ အဲ့ဒီလို မဟုတ်ဘဲ သယ်ဆောင် လာတဲ့ တိရစ္ဆာ န်ကို ညှင်းပန်းမှု ပြုမယ် ဆိုရင် ဥပဒေအရ ပြစ်မှုထိုက်ပါတယ် .. .. '' ဟု ၄င်းက ဆက်လက်၍ ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၏ နေ့စဉ် ကြက်သား လိုအပ်ချက် များကို ဖြည့်တင်း နိုင်ရန်အတွက် ကြက်သား ရောင်းဝယ်ရေး လုပ်ငန်းရှင် များက မုံရွာမြို့၏ အရှေ့ မြောက်ဘက် ခုနစ်မိုင်ခန့် အကွာရှိ ကြက်၊ ငုံး မွေးမြူရေးဇုန် နှင့် ထနောင်းဝင်း၊ ကျောက္ကာ၊ စည်သာလေး စသည့် ကျေးရွာများရှိ ကြက်ခြံ လုပ်ငန်းရှင် များထံမှ ကြက်များ ဝယ်ယူ သယ်ဆောင်လေ့ ရှိသည်။

ထိုသို့ ဝယ်ယူပြီး ကြက်များကို တစ်နေရာမှ နောက်တစ်နေရာ သို့ သယ်ယူ ပို့ဆောင် ပြောင်းရွှေ့ ရာတွင် ကြက်သယ်ယူ ပို့ဆောင် သူများက ပြစ်မှုဆိုင်ရာ အထူး နှင့် အထွေထွေ ဥပဒေ ပြဋ္ဌာန်းချက် များပါ စည်းကမ်း ဥပဒေ များကို လေးစား လိုက်နာမှု မရှိဘဲ တိရစ္ဆာန် များကို ညှင်းပန်းစွာ ပြုလျက် သယ်ယူ ပို့ဆောင်နေခြင်း ဖြစ်သည်။ (ပုံ) ထို့ကြောင့် အများပြည်သူ သွားလာလျက် ရှိသော လမ်းမကြီးများ ပေါ်တွင် တိရစ္ဆာန် များကို ညှင်းပန်းစွာ ပြုလျက် သယ်ယူ ပို့ဆောင် နေခြင်းသည် အများပြည်သူ တို့၏ စိတ်ငြိုငြင် ဖွယ်ရာ အခြေအနေ များ ဖြစ်နေရသည်။

''ညနေပိုင်း ရုံးဆင်း ပြန်လာလို့ ဘုရားသွား၊ ကျောင်းတက် လုပ်မယ်ဆိုရင် လမ်းမှာ တိရစ္ဆာန်တွေ ကို သယ်ဆောင် လာတာ မြင်ရတော့ သတ္တဝါတွေ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်'' ဟု ဝန်ထမ်း တစ်ဦး ကလည်း ပြောပြသည်။

မုံရွာမြို့၏ နေ့စဉ် ကြက်သား လိုအပ်ချက် များမှာ အနည်းဆုံး နှစ်တန် (ပိဿာချိန် ၁၂ဝဝ) ခန့် လိုအပ်လျက် ရှိသည်။ အဆိုပါ ကြက်သား လိုအပ်ချက် များကို ကြက်ရောင်း ဝယ်ရေး လုပ်ငန်းရှင် များက ဖြည့်ဆည်း ပေးလျက် ရှိသည်။ ထိုသို့ ကြက်သား လိုအပ်ချက်များ ဖြည့်ဆည်း ပေးရာတွင် ကြက် သယ်ယူ ပို့ဆောင်ရေး သမားများက အများ ပြည်သူ လမ်းအသုံးပြုမှု အနည်းပါးဆုံး အချိန်၌ သတ်မှတ် စည်းကမ်း ဥပဒေများ အတိုင်း သယ်ယူ ပို့ဆောင် ကြရန် လိုအပ်ကြောင်း ဒေသခံတစ်ဦး က ပြောပြ၍ သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ