Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

စာအုပ်​​​​ခေတ်​ မရှိ​တော့ဘူးတဲ့လား?



လွန်​ခဲ့တဲ့တပတ်​ကသူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ ကျွန်မစုထားတဲ့ ငွေလေးနဲ့ ကိုယ်ပိုင်စာအုပ် အငှားဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့ကိစ္စ တိုင်ပင်မိရာ သူပြန်ပြောတာက "စာအုပ်ခေတ် မရှိတော့ပါဘူး" တဲ့။

အခုနောက်ပိုင်း ကာလတွေမှာ လူတော်တော်များများဆီက ဒီလိုစကားမျိုး ကြားနေရတာ အတော်ကြာပါပြီ။ ဘာကြောင့်များ စာအုပ်ခေတ် မရှိတော့ဘူးလို့ ပြောနေကြမှန်း ကျွန်မနားမလည်နိုင်စွာဘဲ စပ်စုမိပါတယ်။ ကျွန်မအဖေ ကိုယ်တိုင်က စာအုပ်အရောင်းဆိုင် ဖွင့်ထားသလို စာအုပ်အငှား လုပ်ငန်းလည်း လုပ်ပါတယ်။ ဟုတ်ပါတယ်။ အခုနောက်ပိုင်းမှာ လွန်ခဲ့တဲ့ လေးငါးနှစ်ကလောက်တော့ စာအုပ်လုပ်ငန်းတွေ အခြေအနေ မကောင်းတော့တာ အမှန်ပါပဲ။ တချို့ စာအုပ်အငှားဆိုင်တွေ တော်တော်များများ ဆိုင်ဖြုတ်လိုက်ပြီး၊ အခြားစီးပွားရေး လုပ်ငန်းတွေ ပြောင်းလုပ်နေကြရတဲ့ အထိပါပဲ။ စာအုပ်အငှား လုပ်ငန်းတွေ ရပ်တန့်သွားတော့ အငှားဆိုင်တွေရဲ့ ၀ယ်လိုအားကို အားပြုရပ်တည် နေကြတဲ့ စာအုပ်အရောင်းဆိုင်တွေ တော်တော်များများလည်း လုပ်ငန်းအခြေအနေ ကျဆင်းနေတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ လူတွေစာမဖတ် ကြတော့လို့ပေါ့တဲ့။ ဒါနဲ့ပဲ စာအုပ်ခေတ်က ကုန်သွားပြီလို့ ပြောကြသတဲ့လား။

ကျွန်မကတော့ အဲဒီလို မထင်ပါဘူး။ ဒီကနေ့ ခေတ်ကြီးမှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာတာ မှန်ပါတယ်။ ဖျော်ဖြေရေး ပစ္စည်းတွေ တိုးတက်လာသလို အပန်းဖြေ စရာတွေကလည်း များမှများ။ တီဗွီတွေ၊ ရုပ်သံလိုင်းတွေ၊ ဂိမ်းတွေ၊ အင်တာနက်တွေ တိုးတက်ဖွံ့ဖြိုး လာတာနဲ့ပဲ စာအုပ်က နောက်တန်းကို ရောက်သွားရတယ်ဆိုတဲ့ အဖြစ်ကို ကျွန်မက လက်မခံနိုင်တာပါ။ ဒီလို အစစအရာရာ နည်းပညာတွေ တိုးတက်လာတာနဲ့အညီ လူတွေရဲ့ အသိဥာဏ်တွေ၊ ရွေးချယ်နိုင်ခွင့်တွေ များပြားလာတာရော မဖြစ်နိုင်ဘူးလား။ အပြိုင်အဆိုင် ကြိုးစားနေရတဲ့ ခေတ်ကြီးထဲမှာ သာမန်စာအုပ် တစ်အုပ်အတွက် အချိန်မပေးနိုင် တော့တာရော မဖြစ်နိုင်ဘူးလား။ ကျွန်မတို့ စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ စာမဖတ်တော့တာကြောင့် စာအုပ်တွေ ခေတ်ကုန်သွားပြီ။ စာအုပ်ခေတ် ကုန်သွားလို့ စာအုပ်ဆိုင် လုပ်ငန်းတွေဟာ အသုံးမ၀င်တော့ဘူးလို့ ပြောလို့မရပါဘူး။ တကယ်တော့ တခြားတစ်ဖက်က တွေးကြည့်မယ်ဆိုရင် ဒီနေ့ခေတ်လို စားဝတ်နေရေးအတွက် အသည်းအသန် ရုန်းကန်နေကြတဲ့ အချိန်မှာ ဘာမှမရနိုင်တဲ့ စာအုပ်တစ်အုပ်ကို အချိန်မပေးချင် ကြတော့တာပါ။ စာအုပ်ကောင်း တစ်အုပ်ကိုသာ အချိန်လုပြီး ဖတ်ကောင်းဖတ်ကြ ချင်တော့တာပါ။ စာအုပ်အငှားဆိုင်တွေက သာမန်ကာတွန်း၊ အချစ်ဝတ္ထုနဲ့ ဖက်ရှင်မဂ္ဂဇင်း လောက်ကိုသာ တင်ထားရုံနဲ့ လူတွေစာမဖတ် ကြတော့ဘူးလို့ ပြောနေကြမယ်ဆိုရင် ဒီကနေ့ခေတ်မှာ နိုင်ငံရေး၊ သုတ၊ ရသ စာအုပ်ကောင်းတွေ အများကြီး ထုတ်နေကြတဲ့ ထုတ်ဝေသူတွေ၊ အဲဒီစာအုပ်တွေကို ငွေ ၂၀၀၀၊ ၃၀၀၀ ပေးဝယ်ဖို့ ၀န်မလေးတဲ့ စာဖတ်သူတွေကိုရော သာမန်စာအုပ်လေး တစ်အုပ်ကို မဖတ်ရုံလောက်နဲ့ စာမဖတ်တော့တဲ့ လူစာရင်းထဲ ထည့်သွင်းလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ လူတွေ စာဖတ်လာဖို့ စာအုပ်ကောင်းတွေ များများထွက်ဖို့၊ ထွက်ရှိပြီးသား စာအုပ်ကောင်းတွေကိုလည်း များများတင်ထား ပေးနိုင်ဖို့က စာအုပ်ဆိုင်တွေရဲ့ အရေးကြီးဆုံး အချက်တစ်ချက်ပါ။ စာကြည့်တိုက်ကောင်းတွေ အများကြီး လိုအပ်သလို၊ တကယ်စာဖတ်တဲ့ သူတွေအတွက် မှန်ကန်တဲ့ စာအုပ်ဆိုင်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။ ပေါ်ပင်အလိုက် စာအုပ်တွေကိုသာတင်ပြီး၊ အကျိုးအမြတ် ရလိုမှု တစ်ခုတည်းကိုကြည့်ပြီး ဖွင့်တဲ့ စာအုပ်ဆိုင် တစ်ဆိုင်အတွက်တော့ စာအုပ်တွေ ခေတ်မရှိတော့ဘူးဆိုတဲ့ စကားဟာ စာလုံးဝမဖတ်တဲ့ လူတွေကြားထဲမှာ အမှန်တရား တစ်ခုအဖြစ် တည်ရှိသွားပါလိမ့်မယ်။

ဂိမ်းတွေ၊ အင်တာနက်တွေ တိုးတက်လာလို့ စာအုပ်ခေတ် မရှိတော့ဘူးလို့ပြောရင် အမေရိကလို ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တစ်ပြည်ဆို ဘယ်လိုလုပ်မလဲ။ သူတို့ဆီမှာ ကျွန်မတို့ထက် အစစအရာရာ တိုးတက်နေတာ။ အင်တာနက်တွေ၊ ဂိမ်းတွေ၊ ဖျော်ဖြေရေး ပုံစံအမျိုးမျိုး ရှိနေတာပဲ။ ဒါနဲ့များ သူတို့ဆီက စာအုပ်တွေ ဘာလို့များ သန်းဂဏန်းလောက်ထိ ရိုက်နှိပ်ထုတ်ဝေ နေကြသလဲ။ အဖြေက ရှင်းပါတယ်။ သူတို့လို အဘက်ဘက်က ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တစ်ခုမှာတောင် စာအုပ်တွေက မတိမ်ကောတဲ့အပြင် သူ့နေရာနဲ့သူ ရပ်တည်နေသေးရင် အခုမှ ဖွံ့ဖြိုးစ ကျွန်မတို့ တိုင်းပြည်မှာဆိုရင် စာအုပ်တွေ တိမ်ကောသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။

ကျွန်မကို ညီမလေး တစ်ယောက်က ပြောဖူးပါတယ်။ ဘာလို့ စာအုပ်ကိုကိုင်ပြီး ဖတ်နေတော့မှာလဲတဲ့။ ခေတ်နဲ့အညီ အင်တာနက်မှာ လိုချင်တဲ့ စာအုပ်ကိုရှာ download လုပ်ပြီး ဖတ်လိုက်ရုံပေါ့တဲ့လေ။ အဲဒါကြောင့် စာအုပ်တွေလည်း မလိုအပ်ပါဘူးတဲ့လေ။ အင်တာနက်က တက်လာတဲ့ သတင်းတစ်ပုဒ်ကိုသာ ပြီးအောင်ဖတ်ကောင်း ဖတ်လိမ့်မယ်။ တကယ့်သုတ၊ ရသစာအုပ် တစ်အုပ်ကို အင်တာနက်ကနေ ပြီးအောင်ဖတ်ဖို့ဆိုတာ အမြဲတမ်းတော့ လွယ်ကူနေတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ။ စာအုပ်ကိုကိုင်ပြီး ဖတ်ရတဲ့ အရသာနဲ့ ကွန်ပျူတာရှေ့မှာ ကွန်ပျူတာကိုကြည့်ပြီး ဖတ်ရတဲ့ အရသာ ဘယ်လိုမှ မတူနိုင်ပါဘူး။ လူသက်သာမှု၊ စိတ်ရဲ့ခံစားနိုင်စွမ်း၊ အာရုံစုစည်းမှု အရမ်းကို ကွာခြားလွန်းတယ်ဆိုတာ တကယ်စာဖတ်တဲ့သူတိုင်း သိပါတယ်။ ခေတ်နဲ့အညီ အင်တာနက်ကတစ်ဆင့် စာအုပ်တွေ ရှာဖတ်လို့ ရပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်စာအုပ် ကိုင်ဖတ်ရတဲ့ စနစ်တစ်ခုလည်း အလွယ်တကူတော့ မပျောက်ပျက်နိုင်ပါဘူး။

ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်တိုင်း၊ နိုင်ငံတိုင်းမှာ စာအုပ်တွေက ရှေ့တန်းမှာ ရှိနေပါတယ်။ တကယ့်ထိပ်သီး ခေါင်းဆောင်တွေဟာလည်း စာဖတ်တဲ့သူတွေ များပါတယ်။ ဒီလိုဆိုရင် အခုမှ ဖွံ့ဖြိုးတိုးတက်ဖို့ လျှောက်လှမ်းနေတဲ့ ကျွန်မတို့နိုင်ငံမှာ စာအုပ်ခေတ် မရှိတော့လို့ ဖြစ်ပါ့မလား။ စာအုပ်ကောင်းတွေ ထုတ်ဝေတဲ့သူတွေ ရှိဖို့လိုသလို၊ စာအုပ်ဆိုင်ကောင်းတွေ၊ စာကြည့်တိုက်ကောင်းတွေနဲ့ စာကောင်းတွေကို ရွေးချယ်ဖတ်ရှုနိုင်တဲ့ သူတွေ ရှိဖို့လိုပါတယ်။ အဲဒီလို လူတွေလည်း ရှိနေပါသေးတယ်။ အဲဒီတော့ "စာအုပ်ခေတ် မရှိတော့ဘူး" ဆိုတဲ့ စကားဟာ ဖြစ်နိုင်ပါရဲ့လားဆိုတာ မေးပါရစေ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ