Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

နိုင်ငံပေါင်း ၈၀ ခန့် ဘောလုံးပွဲ မသမာမှုများရှိ



နိုင်ငံတကာရဲတပ်ဖွဲ့ (ဖီဖာ) ဥက္ကဋ္ဌ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံပေါင်း ၆၀ ကနေ ၈၀ နိုင်ငံလောက်အထိ ဘောလုံးပွဲ မသမာမှုတွေ၊ လုပ်ပွဲတွေ ကစားခဲ့ကြတယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ (ဖီဖာ) ဥက္ကဋ္ဌ ဂျွန် အဘာတ့် (John Abbott) က စက်တင်ဘာ ၁၀ ရက်နေ့က ပြောဆိုပါတယ်။

အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲ၊ နိုင်ငံတကာပွဲ၊ ချစ်ကြည်ရေးပွဲ၊ ကလေးပွဲ စတဲ့ ဘောလုံးပွဲ အားလုံးမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး တရားဝင်ကော၊ တရားမ၀င်လောင်းကစားလုပ်ငန်းတွေက ကြိုး ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒီမသမာမှုတွေကို တကမ္ဘာလုံးအတိုင်းအတာနဲ့ တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပြီး တိုက်ဖျက်သွားကြရမယ် လို့  John Abbott က ဆိုပါတယ်။

မသမာမှုတွေအတွက် အကောင်းဆုံး ကာကွယ်နည်းကတော့ လူထုအသိပညာပေးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တကမ္ဘာလုံးက အားကစားမသမာမှုတွေကို အမြဲစောင့်ကြည့်လေ့လာနေတဲ့ Sportradar အဖွဲ့ကြီးနဲ့ ဖီဖာအဖွဲ့တို့ တွဲဖက်အလုပ်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ အသက် ၁၆ နှစ်အောက် အာရှလူငယ်ဘောလုံးပြိုင်ပွဲလို လူငယ်အသင်း ပွဲတွေတောင် လုပ်ပွဲတွေရှိခဲ့တာကို ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က တွေ့ရှိခဲ့လို့ ကမ္ဘာ့ဘောလုံးအာဏာ ပိုင်တွေ တုန်လှုပ်ခဲ့ကြပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ