Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

တယ်လီနောမြန်မာဆင်းကတ် မန္တလေးတွင် စတင်ရောင်းချမည်

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ တယ်လီနော မြန်မာ ကုမ္ပဏီက ဆင်းကတ်တွေကို စက်တင်ဘာလ ၂၇ ရက်နေ့ မန္တလေးမှာ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။

ဆင်းကတ်တခုကို ကျပ် ၁၅၀၀ ရောင်းချမှာဖြစ်ပြီး ဘယ်ဖုန်းမဆို ခေါ်ဆိုခ ၁ မိနစ်ကို ၂၅  ကျပ် သတ်မှတ်ထားပြီး ပထမဆုံးအသုံးပြုသူတွေ အတွက် မိနစ် ၂၀ အခမဲ့ ပြောဆိုခွင့်ပေး ထားသလို ၁ လအတွင်း အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးထားတယ်လို့ တယ်လီနော (မြန်မာ) ပြောခွင့်ရသူ  ကိုစိုးသူထွန်းက ပြောပါတယ်။
ဒါ့အပြင် အင်တာနက်ကို my internet နဲ့  smart internet ဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။

အသုံးပြုသူတွေရဲ့  လိုအပ်ချက်အပေါ် မူတည်ကောက်ခံတဲ့ စနစ်ဖြစ်ပြီး  အမြန်နှုန်း 300 Kbps အထိ ရရှိနိုင်မယ့် MY Internet ကို 1MB –  ၆ ကျပ်၊ အမြန်နှုန်း 2 Mbps အထိ ရရှိနိုင်မယ့်  SMART Internet ကိုတော့ 1MB ကို ၁၀ ကျပ် ကောက်ခံမယ်လို့လည်း ကြေညာ ထားပါတယ်။

လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေးက ဖုန်းခေါ်ဆိုခ ၁ မိနစ်ကို ၅၀ ကျပ်နှုန်းနဲ့ ခြောက်စက်ကန့်သုံးပြီးတိုင်း တကြိမ် ကောက်ခံတဲ့စနစ်၊ အော်ရီဒူးမြန်မာက ဖုန်းခေါ်ဆိုခ အော်ရီဒူးမြန်မာ ဆင်းကတ်ချင်းခေါ်ဆိုရင်  တမိနစ် နှစ်ဆယ့်ငါးကျပ်နှုန်းနဲ့ စက်ကန့်အလိုက်သုံးသလောက်ကောက်ခံမှာဖြစ်ပြီး တခြားအော်ပရေတာ ဆင်းကတ်နဲ့ဖုန်းကို ခေါ်ဆိုခကတော့ တမိနစ်ကို ၃၅ ကျပ်နှုန်းထားတဲ့ သုံးသသလောက် စက်ကန့်အလိုက် သုံးသလောက်သာ ကောက်ခံမှာပါ၊

အခု တယ်လီနောမြန်မာကတော့ မည်သည့်ဖုန်းကို ခေါ်ဆိုသည်ဖြစ်စေ တမိနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ၆ စက္ကန့် တကြိမ် ကောက်ခံမှာဖြစ်ပါတယ်။

တယ်လီနော မြန်မာဟာ 2G ကွန်ရက်သုံး keypad ဟန်းဆက်နဲ့  မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်နဲ့ တွဲဖက်ရောင်းချဖို့ရှိသလို 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနဲ့  မိုဘိုင်းဆင်းကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ နဲ့  တွဲဖက်ရောင်းချမယ်လို့လည်း ဆိုပါတယ်။

ဆင်းကတ်တွေကို  မန္တလေးမြို့ရှိ တယ်လီနောမြန်မာ ဆင်းကတ်အရောင်းဆိုင် ၁,၅၀၀ မှာ ရောင်းချပေးမှာဖြစ်ပေမယ့် ဟန်းဆက်တွေကိုတော့  ၉ ဆိုင်မှာသာ ရောင်းချပေးမှာဖြစ်ပါတယ်။

မန္တလေးမြို့မှာ ဆင်းကပ်တွေရောင်းချတာနဲ့ ချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပြီး လာမယ့် သီတင်းပတ်ကျရင် နေပြည်တော်မှာ ရောင်းချမှာဖြစ်သလို လာမယ့် သီတင်းနှစ်ပတ်အကြာမှာတော့  ရန်ကုန်မြို့မှာ ရောင်းချမှာဖြစ်ပါတယ်။

လောလောဆယ် မန္တလေးမှာ အသုံးပြုနိုင်ဖို့ တာဝါတိုင် ၇၀ တပ်ဆင်ထားပြီး တနိုင်ငံလုံးမှာ တာဝါတိုင် ၆၀၀ စိုက်ထူးပြီးစီးကြောင်းနဲ့ ၅ နှစ်တာအတွင်း နိုင်ငံတ၀န်းမှာ တာဝါတိုင် ၈၀၀၀  တပ်ဆင်မယ်လို့ ကိုစိုးသူထွန်းက ပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ကို ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီတို့ ရရှိခဲ့ပါတယ်။

အော်ရီဒူးမြန်မာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတည်းက သူ့ဆင်းကတ်တွေကို မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မှာ စတင်ရောင်းချခဲ့ပြီး ဆင်းကတ် ၁ သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။



တယ်လီနော ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ