Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် သေနတ်ကြီးကျည်ဆံကျကာပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ


မြစ်ကြီးနားမှ ၂၄ မိုင်အကွာရှိ မရမ့်ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ် အတွင်း သို့ မနေ့ည ဇန်န၀ါရီ ၂၉ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင်သေနတ်ကြီးကျည်ဆံ ကျရောက်ကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အစိုးရ အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်းမသိရသေး သော် လည်း မြန်မာ အစိုးရမှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ အခင်ဖြစ်ပွားရာ အိမ်နှင့် မြန်မာအစိုးရ အမြောက်တပ် အမတ (၃၇၂) နှင့် အနီးတွင်ရှိပြီး ထိုတပ်မှ ပစ်ခတ်လိုက်တာ ဖြစ်နိုင်ကြောင်းသိရသည်။ 


အခင်းဖြစ်ပွားရအိမ်မှ ၃ အိမ်ကျော် အထိ ကျည်ဆံများ ထိမှန်ခဲ့သော် လည်း ဒဏ်ရာရရှိသူများမှာ အိမ် တစ်အိမ်ထဲမှ မိသားစုများသာ ဖြစ်သည်။ မရမ့်ကျေးရွာတွင် အမတ (၃၇၂) မှ မကြာခဏ အမြောက်များ ဖြင့် ပစ်ခတ်လျှက်ရှိပြီး ကျေးရွာဒေသခံများ ကြောက်ကာ ဗုံးခိုကျင်းများ တူးထားကာ သေနတ်သံကြားတိုင်း ထို ဗုံးခိုကျင်းသို့ ခိုလုံလျှက်ရှိကြောင်းသိရသည်။မနေ့ညက ည ၇ နာရီမှ ၉ နာရီအထိ သေနတ်သံများ ကြားနေ ဆဲ ဖြစ်ကြောင်းသိရသည်။


(မရမ်းကျေးရွာသည် မိုးကောင်းမှ မြစ်ကြီးနားသို့ ဆန်တက်လျှင် နမ္မတီး အလွန် ရထားလမ်းဘေးမှ ဘူတာ ငယ်လေး ဖြစ်သည်။ တချိန်က စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေး ထွန်းကားသော ရွာကြီးဖြစ်ခဲ့သည်။ အစိုးရ အထက်တန်းကျောင်း ရှိသည်။ ရဲစခန်း၊ ဆေးပေးခန်း နှင့် အစစ အရာရာ စုံစုံလင်လင် ရှိခဲ့သော တချိန်က မြို့ကြီး တဖွယ် စည်ကားခဲ့သော နေရာ ဖြစ်သည်။ မရမ်းကျေးရွာသည်၊ ဆမားဒူဝါ ဆင်ဝါးနောင် နှင့် အရင်က ကချင် နိုင်ငံရေး ခေါင်းဆောင်များ ဦးဆောင်ပြီး ကြံစီမံကိန်းများ ထူထောင်ခဲ့ပြီး နမ္မတီး သကြားစက်အတွက် အကောင်းဆုံး ကုန်ကြမ်းထုတ်ပေးသော နေရာဖြစ်သော်လည်း၊ စစ်အစိုးရ ခေတ်တွင် တစစီ ဖျက်စီးလိုက်သော ရွာ ဖြစ်သည်။ ရွာ ထိပ်တွင် ဒေသခံ လယ်သမားများရဲ့ လယ်ဧက မြောက်များစွာ သိမ်းပြီး အမြောက်တပ် တပ်ရင်း နှင့် လေ့ကျင့်ရေး စခန်း ထိုင် လိုက်ကတည်းက နလှန်မထူနိုင်တော့ပေ။ ရွာဧ။် ပတ်ပတ်လည်ရှိ ကချင်လူမျိုးများပိုင် သစ်သီးခြံ၊ ရာသီပေါ် သီးနှံခြံများကိုလဲ အကြောင်းမဲ့ သိမ်းလိုက်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိအောင် ဖျက်စီးလိုက်ပြီးနောက် မိသားစု အများပိုင်း နယ်ပြောင်းကုန်ကြသည်။ ဗမာ စစ်တပ်ရဲ့ ကချင်လူ့အသိုင်းအ၀ိုင်း ကို စနစ်ကျကျ ဖျက်စီးလိုက်သော နေရာ သာဓက ပြပါ ဆိုရင် မရမ်းကျေးရွာ သည် အကောင်းဆုံး သာဓက တခု ဖြစ်သည်။)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ