Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

ဟောင်ကောင်ရဲအဖွဲ့နှင့် ဒီမိုကရေစီထောက်ခံသည့် ကျောင်းသားများ ပဋိပက္ခ ဖြစ်ပွား

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံတဲ့ကျောင်းသားတွေက အစိုးရရုံးချုပ်ကို ၀င်စီးဖို့ ကြိုးစားစဉ်မှာ ရဲအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဟောင်ကောင်ကို ဒီမိုကရေစီအပြည့်အ၀ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေကို ရဲက ငရုတ်ကောင်းရည်တွေကိုနဲ့ ပက်ပြီး လူစုခွဲပါတယ်။ အခု ထိပ်တိုက်တွေ့မှုဟာ သြဂုတ်လက ဟောင်ကောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်တဲ့နောက် အပြင်းထန်ဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကျောင်းသား တထောင်လောက်ဟာ အစိုးရရုံးချုပ် အပြင်ဘက်မှာ ဆက်ရှိနေပါတယ်။

ရုံးချုပ် ၀င်းထဲမှာတော့ ဆန္ဒပြသမား ၁၀၀ လောက် ဆက်ရှိနေပါတယ်။ အခု ဆန္ဒပြပွဲဟာ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားတွေ အတန်းမတက်ဘဲ တပတ်ကြာ သပိတ်မှောက်တဲ့ ဆန္ဒပြပွဲရဲ့ အဆက်ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းအပြင်ဘက် မှာလည်း ကျောင်းသား ၂၀၀ လောက် သပိတ်စခန်းဖွင့်ပြီး အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ