Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

မှော်ဘီလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၆/၁) တွင် ဓာတ်ငွေ့ပိုင်းလိုင်းမှ ဂက်စ်များပန်းထွက်



ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် လိပ်ပုပ်ကျေးရွာ အမှတ် (၄) လမ်း မိုင်တိုင်အမှတ် (၆/၁)တွင် မြေ
အောက်မှ ကားလမ်းနှင့်ယှဉ်၍ ဆက်သွယ်ထားသော ဓာတ်ငွေ့ပိုက် မှ ဂက်စ်များပန်းထွက်မှု ဖြစ်ပွား
သောကြောင့် မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်ရှိ မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အနီး အနားရှိပြည်သူများနှင့် ဖြတ်သန်း သွားလာနေသောယာဉ်များ ထိခိုက် မှုမဖြစ်စေရန် မြန်ဆန်စွာဆောင် ရွက်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ယနေ နံနက် ၁ဝ နာရီခွဲမှာ အဲဒီဂက်စ်ပိုက်က ဝုန်းကနဲ အသံကြားလိုက်တယ်''ဟု အနီးရှိ ရွာသားတစ်ဦးက ပြောကြားခဲ့ပြီး မှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက '' နံနက် ၁၁ နာရီခွဲ မှာ သတင်းရရချင်း ထွက်လာတာပါ။ ဆက်ပြီး သတင်းပို့လိုက်တဲ့အတွက် တာဝန်ရှိသူတွေ ဂက်စ်ပိုက်လိုင်းကို ပိတ်လိုက်ပါပြီ'' ဟု ပြောကြားသည်။

ဂက်စ်များပန်းထွက်၍ မီးခိုးလုံး ပမာအငွေ့များ လွင့်ပျံ့နေသောကြောင့် ယာဉ်ကြောကို ခေတ္တပိတ်ထားခဲ့ပြီး အနီးရှိဟန်နီကယ်ဘီယာစက်ရုံ တည် ဆောက်ရေးလုပ်သားများ လုပ်သား နားနေဆောင်မှ ကားလမ်းတစ် ဖက်သို့ ယာယီပြောင်းရွှေ့ရှောင်ရှားခဲ့ကြကာ မွန်းလွဲ ၁ နာရီခွဲအထိ ဂက်စ်များ ပန်းထွက်လျက်ရှိကြောင်း ၊ ဖြစ်စဉ် ကိုလည်း စုံစမ်းလျက်ရှိကြောင်း သိရ သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ