Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ဆယ်​တန်းစာ​မေးပွဲ​ဖြေရန်​ ဒီဇင်​ဘာလကုန်​တွင်​ကားရိုက်​ရပ်​နားမည့်​ ​ရွှေမှုံရတီ




လက်ရှိတွင် အနုပညာလောကထဲတွင် အောင်မြင်ကျော်ကြားနေသည့် ဆယ်ကျော် သက်အနုပညာရှင် တစ်ဦးဖြစ်သည့် ရွှေမှုံရတီသည် ဆယ်တန်းစာမေးပွဲဖြေရန်အတွက် ကြိုးစားပြင်ဆင်နေပြီဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။ ယင်းသည် ယခုအခါ တွင် ရွှေစင်ဦးထုတ်လုပ်ရေးက ရိုက်ကူးသည့် ဒါရိုက်တာ ဥာဏတင်စိုး၏ ရိုက်ကွင်းတွင် နေမင်းနှင့်အတူ “မာယာပြေးလမ်း” ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် လျက်ရှိသည်။

“သမီး အခုစာမေးပွဲဖြေဖို့ အများကြီး ပြင်ဆင်နေပါတယ်။ စာတွေလဲ လိုက်နိုင် ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အနုပညာဖြစ်တော့လဲ မပင်ပန်းပါဘူး။ ဒါပေမဲ့ ပညာရေးဘက်ကို မလစ်ဟင်းအောင်တော့ လုပ်နေပါ တယ်။ အခု အိမ်မှာ Guide ခေါ်ပြီးသင်နေပါတယ်” ဟုပြောသည်။

ယင်းသည် ယခုရိုက်ကူးနေသည့်ဇာတ်ကားသည် ဒီဇင်ဘာလကုန်အထိဖြစ်ပြီး သူမ၏ အနုပညာအလုပ် များသည်လည်း ဒီဇင်ဘာနောက်ဆုံးတွင် ရပ်နားမည်ဖြစ်သည်။ သူမသည် အနုပညာလောကထဲတွင် အသက်အငယ်ဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အပြင် ဇာတ်ကားများစွာတွင်လည်း ပီပြင်စွာသရုပ် ဆောင်သူအဖြစ် နာမည်ရနေ သူဖြစ်သည်။

ယခုလို သူမအနေဖြင့် အောင်မြင်လာခြင်းသည် မိဘများဆိုဆုံးမမှုနှင့် ဆရာများ၏ ဆိုဆုံးမခြင်းကြောင့် အောင်မြင်လာခြင်းကြောင့်ဟုဆိုသည်။ ၎င်းအပြင် သူမသည် အနုပညာပျိုးခင်း၏ စင်တင်သည့် အသက် အငယ်ဆုံးမင်းသမီးတစ်ဦးဖြစ်ခြင်းကြောင့် ၎င်းတို့နှင့်စာချုပ်သက်တမ်းသည် တစ်နှစ်ခန့်ထပ်မံတိုးခဲ့သော် လည်း တခြားသောထုတ်လုပ်ရေးများဖြင့် ရိုက်ကူးနိုင်ကြောင်းဆိုသည်။ အနုပညာလောကထဲတွင် ယခု အချိန်အထိ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ဖြတ်သန်းနေသူဖြစ်သည်။

သူမအနေဖြင့် နေတိုးနှင့်ရိုက်ကူးခဲ့ သည့် “မျက်လုံးလေး ကလယ်ကလယ်”ဇာတ်ကားသည် ပရိသတ်များ နှင့် မီဒီယာများပါးစပ်ဖျားတွင် ရိုက်ခတ်သည်အထိ အောင်မြင်ခဲ့သည်။ နောက်ထပ် ယခုလို ဇာတ်ကား များကို ရိုက်ကူးတော့မည်မဟုတ်ကြောင်း ပွင့်လင်းစွာပြောခဲ့သည်။ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းသည် မိဘများနှင့် သူမ၏ စိတ်ဆုံးဖြတ်ချက်အရဟု ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ