Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

Disney ကာတွန်းဇာတ်ကောင် မစ်ကီနှင့် မီနီတို့အား မြို့တော်ဝန်ဦးလှမြင့် တံခါးမရှိ ဓါးမရှိ သွားလာခွင့်ပြု

ကမ္ဘာကျော် ဒစ်စနေ(Disney) ကာတွန်း ဇာတ်ကောင်များ ဖြစ်သော မစ်ကီမောက်စ် (Mickey Mouse)နှင့် မီနီမောက်စ် (Minnie Mouse) ဇာတ်ကောင် ကာတွန်းရုပ်များ အဖြစ် အရုပ်ထဲတွင် လူဝင်ထားသည့် ကာတွန်း အရုပ်များနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ စည်ပင်သာယာရေး ၀န်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးလှမြင့်တို့ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံတွင် တွေ့ဆုံခဲ့ကြသည်။

၂၅.၉.၂၀၁၄ ရက်နေ့ကပင် ထိုင်းနိုင်ငံမှရောက်ရှိနေသော အဆိုပါ ကာတွန်းဇာတ်ကောင်များကို မြို့တော်ဝန်က ရန်ကုန်မြို့တော်အတွင်း လွတ်လပ်စွာသွားလာနိုင်သည့်အဓိပ္ပါယ်ပါ သော့တစ်ချောင်းကိုလည်း ပေးအပ်ခဲ့ရာ ယင်းအစီအစဉ်ကို ဆောင်ရွက်သည့် BEC-Tero Entertainment ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Brian Marcar က မစ်ကီနှင့်မီနီ ကိုယ်စား လက်ခံရယူခဲ့သည်။

“Disney ကာတွန်းဇာတ်ကောင်တွေ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အခိုက်အတန့်မှာ ရန်ကုန်က ဘယ်နေရာကိုပဲဖြစ်ဖြစ် တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်တယ်၊သွားလာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မြို့တော်ဝန်က သော့ပေးတာပါ။"ဟု ယင်းကို စီစဉ်သော Forever BEC-Tero Entertainment ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုနန္ဒက ပြောသည်။

လာမည့် အောက်တိုဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ Myanmar Event Park တွင် ပြုလုပ်မယ့် ဖျော်ဖြေပွဲတွင် မစ်ကီမောက်စ်၊ မီနီမောက်စ်၊ စင်ဒရဲလား၊ စနိုးဝှိုက်စသည့် ဇာတ်ကောင်များ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ