Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

iPhone ထဲ သီချင်း ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေ အလွယ်တကူ ထည့်နည်း


သီချင်း ဓာတ်ပုံ ဗွီဒီယို ဖိုင်တွေကို iPhoneထဲကို အလွယ်တကူ ထည့်နည်လေးပါ။ မသိသေးသူများကို အထူးရည်ရွယ်ပါတယ်။ ဒေါင်းလွတ်လုပ်ရတာလည်း ဖိုင်ဆိုက်က အရမ်းသေးလို့ ကိုယ့်ရဲ့ စက်မှာလည်း ဖိုင်ကြီးကြီးများများ တိုးမသွားပါဘူး။ အောက်က ပုံတွေကို ကြည့်ရင် သုံးရတာ လွယ်ကူတယ်ဆိုတာ သိသွားပါလိမ့်မယ်။ 

၁။ iTools ကို Download လုပ်ပါ။

၂။ ဖုံးကို ကွန်ပျူတာနဲ့ချိတ်ပါ။ ချိတ်ပြီးပြီဆိုရင် ပုံထဲကလို iTools မျက်နှာပြင်မှာ အခုလိုတွေ့ရပါမယ်။ မိမိဖုံးရဲ့ အသေးစိတ်အချက်လက်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျနော်ဖုံးကို စင်္ကာပူမှာ ၀ယ်ထားတာဖြစ်လို့ Region မှာ စင်္ကာပူလို့ ပေါ်နေတာဖြစ်ပါတယ်။ နောက်ပြီး Jailbreak လုပ်ထားလို့  Yes လို့ ပေါ်တာဖြစ်ပါတယ်။ တကယ်လို့ သင့်ဖုံးက Jailbreak လုပ်မထားရင်တော့ Jailbreak နေရာမှာ No လို့ ပြမှာဖြစ်ပါတယ်။ နောက်ပြီး ဖုံးရဲ့ သက်တမ်း Warranty Exp ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်ဖုံးသက်တမ်းက သိမ့်မကျန်တော့ပါဘူး။
၃။ iPhone ထဲမှာ မိမိကြိုက်နှစ်သက်တဲ့ Ipa App များကို ဖုံးထဲမှာ Install လုပ်မယ်ဆိုရင်တော့ သင့်ဖုံးနာမည်အောက်က Menu ဘားက Application ကို နှိပ်ပြီး အပေါ်နား Install နောက်က အနီရောင်စက်ဝိုင်းပြထားတဲ့ အောက်ဆိုက်မြှားလေးကို ကလစ်ပြီး သင် Install လုပ်ချင်တဲ့ Ipa App ကို ရွေးပြီး သင့်ဖုံးထဲကို Install လုပ်နိုင်ပါတယ်။ 
၎။ ဒီတခါ ဖုံးထဲကို သီချင်း ထည့်နည်းဖြစ်ပါတယ်။ အောက်ကပုံထဲကလို Menu ဘားက Media ကို ကလစ်ပြီး အပေါ်နား အနီရောင်ပြထားတဲ့နေရာက အောက်ဆိုက်မြှား Import ကို ကလစ်ပြီး သီချင်း ရှိတဲ့နေရာကိုရွေးပြီး ထည့်နိုင်ပါတယ်။ သီချင်းထည့်တဲ့အခါ ညာဘက်ဘေးနားက Playslists ကလစ်ပေး Create ဖိုင် လုပ်ပြီး သင် ကြိုက်တဲ့သီချင်းများကို ဖိုင်တစ်ခုအနေနဲ့ထားရှိနိုင်ပါတယ်။ 
၅။ ဓာတ်ပုံများလည်း ဒီနည်းအတိုင်းဖြစ်ပါတယ်။
၅။ ဒါကတော့ ဖုံး Desktop ပုံဖြစ်ပါတယ်။ သင့်ဖုံးရဲ့ Desktop ပုံကို တွေ့မြင်ချင်တယ်ဆိုရင် Menu ဘားကပဲ Desktop ကို ကလစ်ပြီး သင့်ဖုံးရဲ့ Desktop ကို တွေ့မြင်နိုင်ပါတယ်။ ဒီပုံကတော့ နမူနာအနေနဲ့ ပြသခြင်းဖြစ်ပါတယ်။ 
ကျန်တာကတော့ သင် စိတ်ကူးရှိရင် ရှိသလောက် လုပ်ဆောင်နိုင်ပါတယ်။ ဒီလောက်ဆိုရင် သင့် iPhone ထဲကို အလွယ်တကူ သီချင်း ဓာတ်ပုံ ဗွီဒီယို စတဲ့ iPhone မှာ ထည့်လို့ရနိုင်တဲ့ iTools အကြောင်း အပြည့်စုံမဟုတ်တောင် သိသင့်တာ သိရပြီမို့ သင်ကိုယ်တိုင် ဖုံးထဲကို သီချင်း ဓာတ်ပုံဖိုင်များကို ထည့်နိုင်မှာဖြစ်ပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ