ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

နန်းတော်ရာတွင် နိုဝင်ဘာလမှ စတင်ပြီး ယဉ်ကျေးမှု သရုပ်ဖော် Showများ အဆင့်မြှင့် ပြသသွားမည်

ပုဂံ၊စက်တင်ဘာ ၂၃

အနော်ရထားမင်းလက်ထက် နန်းတော် ပုံစံကို မူပွားဖန်တီးထားသည့် နန်းတော်ရာ အဆောက်အဦးတွင် ယခုနှစ် နိုဝင်ဘာလမှစတင်ပြီး ယဉ်ကျေးမှု သရုပ်ဖော် ထရေရှင်နယ်ရိုးရာကပွဲ Show များကို အဆင့်မြှင့်ပြသ သွားမည်ဖြစ်ကြောင်း နန်းတော်ရာ တာဝန်ခံ ဒေါ်ဇင်မိုးသူက ပြောကြားသည်။

ယခင်ပြသနေသည့် သရုပ်ဖော်အကများကို အမျိုးအစား ထပ်တိုးမည်။ ကပြမည့် အဆင့်မြင့်စတိတ်စင်၊ အလင်းအမှောင်မျာကို ကွန်ပြူတာ စနစ်ဖြစ်အသုံးပြုကာ ဖျော်ဖြေမှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

‘ခြင်းလုံးအလှခတ်တာ၊နဲ့ ရုပ်သေးရုပ်အက တွေပါ ထည့်ပြသွားမယ်။ မြန်မာ့ရိုးရာကို အခြေခံတဲ့ Show ကို အဆင့်မြှင့်တင်မယ်။ အဓိက ဒီပွဲမှာ ဒေသခံ ၂၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မှာပါ၊ ယဉ်ကျေးမှုနဲ့ မညီနဲ့ အကတွေမဟုတ်ဘဲ ရိုးရာ အက ၊ရိုးရာ ၀တ်စုံနဲ့ ပုဂံခေတ်ဝတ်စုံနဲ့ ပဲ ကပြသွားမှာပါ’ဟု တာဝန်ခံက ဆက်လက်ရှင်းပြသည်။

အဆိုပါ တနာရီ မိနစ် ၂၀ ကြာ ကပြ ဖျော်ဖြေမှုပေးမည့် ၀န်ထမ်းများကို ပုဂံညောင်ဦး သဘင်အစည်းအရုံးက တာဝန်ယူသင်ကြားပေးနေပြီး ယခင်ပြသခဲ့သည့် ဘုရင် တိုင်းခန်းလှည့်လှည်ခြင်း၊ ညီလာခံ သရုပ်ဖော်ပြကွက်များကို မူ ပြသခြင်း ရှိတော့မည်မဟုတ်ကြောင်း ဒေါ်ဇင်မိုးသူ က ထပ်မံဆိုသည်။

‘အကလိုက်မလားလို့ လာခေါ်တယ်။ကျောင်းက ၄တန်းအထိပဲ တက်ခဲ့ရတယ်။ အရင်ကတော့ ပန်းရံလုပ်ရတယ်။ပန်းရံအလုပ်ကတော့ နေပူတာပေါ့။ ဒီမှာက ကိုယ်နဲ့ ရွယ်တူတွေနဲ့ လုပ်ရတာဆိုတော့ ပျော်တယ်။ လစာက ၈ သောင်းရမယ်လို့တော့ပြောတယ်’ဟု အရှေ့ရွာနောင် ရွာမှ အက သင်ယူနေသူ မဇင်မာသန်းက ပြောဆိုသည်။

ကျေးရွာများရှိ ပညာရေး အားနည်းသူများ အတွက် ဖျော်ဖြေမှုများတွင် လုပ်ကိုင်ခွင့်ရရှိသည့် အတွက် စားဝတ်နေရေးပြေလည်စေနိုင်ကြောင်း ပုဂံညောင်ဦး သဘင် အစည်းအရုံး ဥက္ကဌ ဦးစိန်မောင်က ဆိုသည်။

‘ဒီနန်းတော်ရာကပွဲမှာ ထရက်ဒေရှင်နယ်ရှိုးပွဲနဲ့ ညစာစားပွဲပြုလုပ်တဲ့နေရာမှာ အရက်သေစာပါလာမယ် ဆိုရင်တော့ ဒါတွေကိုတော့လက်မခံဘူး။ ဒီလိုကပြဖော်ဖြေးတာက ပုဂံရဲ့ပုံရိပ်ကိုမြှင့်တင်ရာလည်း ရောက်တယ်။ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုမြှင့်တင်ရာလည်းရောက်တယ်။ ဒီလိုပုံရိပ်တွေက ကမ္ဘာလည့်ခရီးသွားတွေ ပိုမိုဆွဲဆောင်နိုင်တဲ့ ဟာလည်းဖြစ်လာနိုင်တယ်။ အခုလိုမျိုး ရိုးရာအကနဲ့ဖျော်ဖြေတဲ့အတွက်ကြောင့် မြန်မာရိုးရာအကလည်း တိမ်ကောမသွားတော့ဘူးပေါ့’ဟု
ပုဂံချစ်သူများအဖွဲ့ ဥက္ကဌ ဦးမင်းနိုင်အောင်က မှတ်ချက်ပြုပြောဆိုသည်။

 နန်းတော်ရာမှာ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ပြီး ညဦးပိုင်းတွင် အဆင့်မြှင့်တင်ထားသည့် ဖျော်ဖြေမှုများနှင့် ညစာအပါအ၀င် နိုင်ငံခြားသားတဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ၊ ပြည်တွင်းဧည့်သည်များအတွက် မြန်မာကျပ်ငွေ ၃ သောင်း
ကျသင့်မည်ဖြစ်သည်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ