Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မူးယစ်ဆေးဝါး သုံးစွဲသည့် သရုပ်ဆောင်များကို နိုင်ငံ့ရုပ်သံလိုင်း များတွင် မဖော်ပြရန် တရုတ်အစိုးရ ပိတ်ပင်

ပေကျင်း ၊ ၁၂-၁၀-၂၀၁၄

တရုတ်အစိုးရ က အနုပညာ လောက တစ်ခုလုံးကို သန့်ရှင်းစေရန် မူးယစ်ဆေးဝါး သုံးစွဲသည့် တရုတ် အနုပညာရှင် များ၏ ဇာတ်ကား များကို နိုင်ငံ့ ရုပ်သံလိုင်း နှင့် အခြား ပြည်သူ့ မီဒီယာလိုင်း များတွင် ဖော်ပြခြင်း မပြုရန် ပိတ်ပင် တားမြစ် လိုက်ပြီ ဖြစ်ကြောင်း China Daily ၏ အင်တာနက် သတင်းတစ်ရပ် တွင် ဖော်ပြ ထားသည်။

သြဂုတ်လ တွင် ဟောင်ကောင် သရုပ်ဆောင် ဂျက်ကီချန်း ၏ သား Jaycee Chan နှင့် ထိုင်ဝမ် သရုပ်ဆောင် Kai Ko တို့က မူးယစ်ဆေးဝါး မှုဖြင့် အဖမ်းခံ လိုက်ရပြီး အဆိုပါ သတင်းမှာ အင်တာနက် ပေါ်တွင် နာမည်ကြီး ခဲ့သည်။

သြဂုတ်လ တစ်လတည်း တွင်ပင် သရုပ်ဆောင် Gao Hu က ဆေးခြောက် နှင့် မီတမ်ဖီတမင်း ဆေးဝါးများ လက်ဝယ် ထားရှိမှုဖြင့် ဖမ်းဆီး စစ်ဆေးခံ ရသည်။ ထို့ပြင် ပြည့်တန်ဆာ ခေါ်ယူခြင်းဖြင့် ဒါရိုက်တာ Wan Quan'an နှင့် သရုပ်ဆောင် Huang Haibo တို့ကလည်း ထပ်မံ အဖမ်းခံခဲ့ ရသဖြင့် အဆိုပါ သတင်းများမှာ တရုတ်နိုင်ငံ ၏ လူငယ်များ အတွက် ဆိုးရွားသော စံနမူနာ တစ်ရပ်ဖြစ်စေ ခဲ့သည်ဟု တရုတ်အစိုးရ က ဆိုပြီး မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ ကြပ်မတ်စွာ ချထားသော စည်းကမ်းချက် များကို ချိုးဖောက် သည့် အနုပညာရှင် များကို ရုပ်သံလိုင်းများ ပေါ်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်း မပြုကြရန် နှင့် ၄င်းတို့၏ အနုပညာ လက်ရာများ ကိုလည်း ခေတ္တဆိုင်းငံ့ ထားရန် ညွှန်ကြားထား သည်။  ထို့ကြောင့် သရုပ်ဆောင် Huang Haibo နှင့် Gao Hu တို့ ပါဝင်သော ဇာတ်ကားများကို တရုတ် နိုင်ငံ၏ ရုပ်သံလိုင်း များတွင် ဖော်ပြခြင်းကို ရပ်တန့် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် က ၂ဝ၁၂ တွင် နိုင်ငံ့တာဝန်ကို စတင် ထမ်းဆောင်စဉ် ကတည်းက အကျင့်စာရိတ္တ ပျက်ပြားမှုကို ဖြစ်စေသည့် လုပ်ရပ်များကို ထိရောက်စွာ နှိမ်နင်းပြီး မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေး ကိုလည်း ကြပ်မတ်စွာ ကိုင်တွယ် ခဲ့သည်။ မူးယစ်ဆေးဝါး မှုများတွင် နာမည်ကြီး တရုတ် အနုပညာရှင် များ ပါဝင် ပတ်သက် လာသဖြင့် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန က မူးယစ်ဆေးဝါး၊ လောင်းကစား နှင့် ပြည့်တန်ဆာ လုပ်ငန်းများကို ပြည်သူ့ ရဲတပ်ဖွဲ့အား တင်းကြပ်စွာ ကိုင်တွယ် စေခဲ့ကြောင်း သိရသည်။


သရုပ်ဆောင် Huang Haibo

ဂျက်ကီချန်း သား Jaycee Chan

သရုပ်ဆောင် Gao Hu


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ