Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

Rape Drug သုံးစွဲမှု အချိန်မီတားဆီးရန် လိုအပ်

ကမ္ဘာတစ်ဝန်း ရှိ တက္ကသိုလ် ကျောင်းများ နှင့် ပါတီပွဲ၊ မွေးနေ့ပွဲ၊ နိုက်ကလပ်၊ ဒေးကလပ် အပါအဝင် ပွဲပေါင်းစုံအပြီး အုပ်စုလိုက် အဓမ္မပြုကျင့်မှု ( Group Rape ) အမှုများ ဖြစ်ပွားခြင်း များပြားလျက် ရှိကြောင်း သိရသည်။

အပြုကျင့် ခံရသည့် ကျောင်းသူလေး များနှင့် မိန်းကလေး အများစုမှာ မနက်မိုးလင်း သည်အထိ ညက ဖြစ်စဉ်များကို မည်သို့မျှ မမှတ်မိဘဲ ဆရာဝန် ဆေးစစ် ကြည့်ရာမှ ဆေးစစ်ချက်တွင် Rohypnol ဟု ခေါ်သည့် ဆေးတစ်မျိုးကို တွေရှိခဲ့ ရသည်။ မြန်မာနိုင်ငံ ၌လည်း ၂ဝ၁၃- ၂ဝ၁၄ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း က ထိုဆေးကို အသုံးပြုကာ အဓမ္မမှု ၁၃ မှု ဖြစ်ပွား ခဲ့ကြောင်း သိရပြီး မကြာမီ ကာလတွင် ရောက်ရှိလာမည့် ၁၂ လ ရာသီ ပွဲများထဲမှ တန်ဆောင်တိုင် ပွဲတော်၊ ခရစ္စမတ် နှင့် နှစ်သစ်ကူး ပွဲတော်များ နီးလာပြီ ဖြစ်သည့်အတွက် သမီးရှင် မိဘများ အနေဖြင့် အထူး ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။

အထက်ပါ Rohypnol မှာ ဆေးကုမ္ပဏီ၏ ကုန်သွယ် တံဆိပ်ဖြစ်ပြီး နာမည် အမျိုးမျိုးဖြင့် ထုတ်လုပ် ထားကြောင်း၊ ဓာတုဗေဒ အမည်မှာ Flunitrazepam ဖြစ်ကြောင်း သိရသည်။ မူလ အသုံးပြုရန်မှာ စိတ်ငြိမ်ဆေး၊ အိပ်ဆေး အဖြစ် သုံးစွဲခဲ့ရာမှ မသမာသူ များနှင့် အုပ်စုဖွဲ့ အနိုင်ကျင့် တတ်သည့် စိတ်ထား ရှိသည့် လူငယ်များကြား သို့ပျံနှံရောက်ရှိ ခဲ့ပြီး ယခုလို အမှုများ ကျုးလွန် လာကြခြင်း ဖြစ်ကြောင်း သိရသည်။ ထို ဆေးမှုန့်မှာ အရက် ၊ ဝိုင်ဖြူ၊ ဝိုင်နီ ၊ Spy ၊ Gas နှင့် ကာဘိုနိတ်တက် ပါသည့် အရည်၊ အချိုရည်များတွင် လျင်မြန်စွာ ပျော်ဝင် လွယ်ကြောင်း သိရသည်။

ဆေး၏ အာနိသင်မှာ မိနစ် ၃ဝ အတွင်း အစွမ်းပြ၍ ၂ နာရီအတွင်း ပုံမှန်အသိ ပျောက်ကာ ဆေး၏ အစွမ်းရှိန်မှာ ၈ နာရီခန့် ကြာမြင့် တတ်ကြောင်း၊ ထိုအဆင့်သို့ ရောက်ရန်ဆေး ၁ မီလီဂရမ်( 1 mg = 0.0001 ) တစ်ထောင်ပုံ တစ်ပုံခန့်သာ အသုံးပြု ရကြောင်းနှင့် အရက်ဓာတ် ပါသည့် အရည်မျိုးတွင် ပိုမို လျင်မြန်စွာ ပျော်ဝင်၍ အစွမ်းပြ မြန်ကြောင်း သိရသည်။

သောက်သုံးမိ ခဲ့သော မိန်းကလေး များမှာ နောက်တစ်နေ့ နံနက်မိုးလင်း ချိန်၌ မည်သည့် အကြောင်းအရာ ကိုမျှ ပြန်လည် မှတ်မိနိုင်ခြင်း မရှိတော့ဘဲ ဘဝများ ပျက်ခဲ့ရကြောင်း၊ ထိုဆေးနှင့် အလားတူ ဆေးပေါင်း များစွာမှာ အလွယ်တကူ ဝယ်၍ ရနေသဖြင့် သက်ဆိုင်ရာမှ အချိန်မီ ထိရောက်စွာ တားဆီးရန် လိုအပ်ကြောင်း၊ မိန်းကလေးများ အနေဖြင့် ပွဲလမ်းများတွင် အရက်၊ ဝိုင်၊ စပိုင်၊ အချိုရည် များကို တတ်နိုင်သမျှ ရှောင်ကြရန် နှင့် ယောက်ျားလေး သူငယ်ချင်း မိတ်ဆွေများ ကိုလည်း သတိထား ပေါင်းသင်းရန် အပြင် မဖြစ်မနေ ပွဲတက်၍ သောက်ရမည် ဆိုပါက လုံးဝ မဖောက်ရ သေးသောဘူး အသစ်ကိုသာ မှာယူ သောက်သုံး ကြရန် လိုကြောင်း ဆရာဝန် တစ်ဦးက ပြောပြ၍ သိရသည်။


Rape Drug သုံးစွဲမှု အချိန်မီတားဆီးရန် လိုအပ်



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ