Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

လိပ်ကျွန်းလူသတ်မှု ဆေးသိပ္ပံညွှန်ချုပ် ထောက်ပြ

ထိုင်းနိုင်ငံ တောင်ပိုင်း ဗြိတိသျှ ၂ ဦး သတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ပြစ်မှုဆေးသိပ္ပံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မှုခင်းဆေးသိပံ္ပဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း မဆောင်ရွက်ခဲ့ဘူးလို့ ထောက်ပြလိုက်ပါတယ်။
pornthip
ဒေါက်တာ ဖွန်ထစ်
ထိုင်းရဲတပ်ဖွဲ့က ဒီလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ ဦးက ဖြောင့်ချက် ပေးပြီး ဖြစ်တယ်လို့ တရားဝင် သတင်းစာရှင်းလင်းခဲ့ပြီးတဲ့နောက် ရဲအပေါ် ဝေဖန်မှု တွေ မြင့်တက်နေ ချိန်မှာ ထိုင်း ဆေးသိပ္ပံဆိုင်ရာလောကက ထင်ရှားသူ ဒေါက်တာ ဖွန်ထစ် ရဲ့ ဝေဖန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူက ထောက်ပြတဲ့ အဓိကအချက်ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အပြင် တရားခံတွေရဲ့ သရုပ်ပြမှုဟာလည်း ခိုင်လုံမှုမရှိဘဲ သူသာ ဒီအမှုမှာ ပါဝင် စစ်ဆေးဖို့ အခွင့်အရေးရှိခဲ့ရင် အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ သူက ပြောဆိုခဲ့တာပါ။
ထိုင်းနိုင်ငံ အေအက်စ်တီဗွီ၊ မန်နေဂျာအွန်လိုင်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ  အဓိက သူက အချက် ၃ ချက်ကို ထောက်ပြခဲ့ပါတယ်။
လူသတ်မှုနဲ့ မုဒိမ်းမှုလို ရာဇ၀တ်မှုကို ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင် အဖွဲ့ ၃ ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
ဒီအဖွဲ့တွေကတော့ အထူးစုံစစ်စစ်ဆေးရေးရဲတပ်ဖွဲ့၊ သက်သေ အထောက် အထား ကောက်ယူစုဆောင်းတဲ့အဖွဲ့နဲ့ သက်သေအထောက်အထားအမျိုးမျိုးကို စစ်ဆေးတဲ့အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တတိယအချက်က သက်သေအထောက်အထားအမျိုးမျိုးကို စစ်ဆေးတဲ့အဖွဲ့မှာ မှုခင်းဆေးသိပ္ပံကျွမ်းကျင်သူ ဆရာဝန်ကိုပဲ အသုံးပြုရမယ်လို့ ဆိုပါတယ်။
အခု ကိုင်တွယ်ရာမှာ ရဲတပ်ဖွဲ့က မှုခင်းဆေးသိပ္ပံကျွမ်းကျင်သူ ဆရာဝန်ကို မသုံးစွဲသလို ဆူရတ်ဌာနီဆေးရုံကိုတောင် မဆက်သွယ်ခဲ့ကြဘူးလို့ ထောက်ပြတယ်။
ဒီတာဝန် ၃ ခုစလုံးကို ရဲတပ်ဖွဲ့က လုပ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ ရဲချုပ်ရုံးမှာ လဆန်းပိုင်းက ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ လူသတ်မှုကျူးလွန်သူ ပေါ်ပေါက်ဖို့ အကောင်းဆုံး ဖော်ထုတ်ခဲ့သလို တရားခံ ၂ ဦးဟာ ကျူးလွန်သူတွေ ဖြစ်တယ်ဆိုတာကို အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စာမျက်နှာ ၈၅၀ ပါရှိတဲ့အမှုတွဲကို အမှုစွဲဆိုနိုင်ဖို့အတွက် ခရိုင် ရှေ့နေများကောင်စီအဖွဲ့ကို တင်ပြရာမှာ သက်သေအထောက်အထား လိုအပ်ချက် ရှိနေသေးတဲ့အတွက် အမှုကို ပြန်လည်တည်ဆောက်ဖို့ ရဲတပ်ဖွဲ့ကို ပြန်အပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိသျှအမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သတ်ဖြတ်ခံရပြီး ရဲက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးထံက ဖြောင့်ချက်ရယူထားပြီး တဦးကို အစိုးရသက်သေ အဖြစ် ထိန်းသိမ်းထားပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ