Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းမှ ဘဏ်အတိုးနှုန်း လျှော့ချနိုင်မည်

မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွ မှုနှုန်းကို လျော့ချနိုင်မှသာ ပြည်တွင်းဘဏ် တွေရဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆို လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အတိုးနှုန်းတွေက ကြီးမြင့်နေပါတယ်။

 မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွ မှုနှုန်းကလည်း ၇ ရာခိုင်နှုန်းမှာ ရှိတာကြောင့် ဘဏ်အတိုးနှုန်းတွေ ကို ငွေကြေးဖောင်းပွ မှုနှုန်းရဲ့ အောက်မှာ ထားပြီး သတ်မှတ်လိုက်မယ်ဆိုရင် ဘဏ်မှာ ငွေလာအပ် နှံကြမှာ မဟုတ်တော့ဘဲ တခြားလုပ်ငန်းတွေမှာသာ သွားရောက်ရင်းနှီးမြှုပ်နှံတော့ မှာ ဖြစ်တဲ့အကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ  ဦးစံသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ ငွေဖောင်းပွမှုနှုန်း လျော့ကျလာရင် ပြည်တွင်းဘဏ်တွေရဲ့ အတိုးနှုန်းကိုလည်း လိုက်ပါချ ပေးလို့ရမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဒီနှုန်းထက် လျှော့ဖို့က မဖြစ်နိုင်သေးတဲ့အကြောင်း ကမ္ဘောဇဘဏ်လီမိတက် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဘဏ်အတိုးနှုန်းတွေက အပ်ငွေအပေါ် အတိုးနှုန်းက ၁ နှစ်ကို အနည်းဆုံး ၈ ရာခိုင်နှုန်း ရှိပြီး ချေးငွေအပေါ် အတိုးနှုန်းက အများဆုံး ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ချေးငွေအပေါ် အတိုးနှုန်းက များတာကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက အတိုးနှုန်းကို လျှော့ချပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာပါ။

ဒါကြောင့် ချေးငွေအပေါ် အတိုးနှုန်းကို လျော့ဖို့ဆိုတာက ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ် ပေးရတဲ့ အတိုးနှုန်းကို ကြည့်ပြီး လုပ်ကိုင်ရတာဖြစ်လို့ အတိုးနှုန်းကို ချဖို့က မဖြစ်နိုင်ဘူးလို့ သမ၀ါယမဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် Commercial ဘဏ်အရေအတွက် ၂၂ ခု ရှိတဲ့အနက် ဘဏ်အကြီးစားအရေအတွက်က ၆ ခုလောက်သာ ရှိပါတယ်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ