Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“အခုဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း မဖြူနှင်းထွေး ကိုယ်တိုင် ပြောနေတယ်။ ဒီအမှု ဒီလိုမတရားပုဒ်မတွေ တပ်ပြီး စွပ်စွဲနေရင်တော့ တိုက်ပွဲဝင်ရ ဦးမယ်။ ကျနော်တို့မှာ တခြားပုဒ်မ တပ်ထားတဲ့ ဗကသတွေကို တရားစွဲဆိုထားတာတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာပါ။”

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈၊ ၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ မုံရွာ အကျဉ်းထောင်တွင်းမှာ ခံစားခွင့်ရှိတဲ့ အခွင့်အရေး  အပြည့်မရဘူးလို့ ဗကသအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ