Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

မဖြူနှင်းထွေး ရုံးထုတ်လာစဉ် ဗကသအဖွဲ့ဝင်များ ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ၁ဝဝ ကျော်က ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေးကို လွှတ်ပေးဖို့ ဒီနေ့ ယင်းမာပင်ခရိုင် တရားရုံးရှေ့မှာ တောင်းဆို ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ မဖြူနှင်းထွေးကို ရုံးထုတ်စဉ်မှာ ဆန္ဒပြတောင်းဆို ခဲ့ကြတာပါ။ တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့အတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

"ဒီအမှုဖြစ်စဉ်မှာပါဝင်တဲ့ ၇ ယောက်ကို အရေးယူတဲ့အခါမှာ ၅ ယောက်ကို ညှိနှိုင်းပြီးတော့ တရားသေလွှတ်ပြီးဖြစ်တယ်၊ ကြားသိသလောက်ကလည်း အမှုပိတ်သိမ်းပြီးဖြစ်တယ်၊ ဒီအချိန်မှာ ကျောင်းသားတွေဟာ အမျိုးသားပညာရေးမူကြမ်းကို ဆန့်ကျင်ဖို့ စတင်ဆောင်ရွက်နေတဲ့ အရှိန်ကိုလည်းရပ်တန့်ဖို့ အာရုံလွှဲပြောင်းမှုတစ်ခုအဖြစ်နဲ့ သူတို့ မဖြူနှင်းထွေးကို ပြန်လည်ဖမ်းဆီးပါတယ်၊ ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာပါ၊ နိုင်ငံရေးအရေကြည့်မယ်ဆိုရင် ဟာသကွက်ကြီးမှန်း လူတိုင်းလည်းသိတယ်၊ ကျောင်းသားတိုင်းလည်းသိတယ်၊ မတရားပုဒ်မကိုလည်း ရုပ်သိမ်းပေးခြင်းမရှိဘူး၊ အဲ့ဒါကို ထောင်ဒဏ်ဆက်လက်ချဖို့ ကြိုးစားလာလို့ရှိရင် ကျနော်တို့ဒီ့ထက် အရှိန်အဟုန်မြှင့်မယ်၊ ကျနော်တို့ ကျောင်းသားထုအားလုံးကနေပြီးတော့ ဒီအပေါ်မှာ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားတယ်"

လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်း ၂ ဦးကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်းခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး မဖြူနှင်းထွေးကို ပြန်ပေးဆွဲမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ်ဖြစ်စေအောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆန္ဒပြ ဗကသအဖွဲ့ဝင်တွေဟာ ယင်းမာပင်မြို့နယ် ရဲစခန်းမှူးရုံးရှေ့ကနေ ခရိုင်တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်ခြေမှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာလည်း သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဗကသအဖွဲ့ဝင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူတွေလည်း တက်ရောက်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ