Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

အမေရိကန်သူနာပြု နောက်တစ်ဦး အီဘိုလာ ကူးစက်ခံရ

အမေရိကန်နိုင်ငံ ​Taxas ​ပြည်နယ်မှာ ​သူနာပြုနောက်တစ်ဦး ​အီဘိုလာ ​ရောဂါ ​ကူးစက်ခံနေရပါတယ်။

လိုင်ဘေးရီးယား ​နိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​အီဘိုလာဝေဒနာရှင် ​Thomas ​Duncan ​ကို ​Dallas ​မြို့မှာ ​ကုသပေးရင်း ​ကူးစက်ခံရတာ ​ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ​သူနာပြု ​တစ်ဦး ​ကူးစက်ခံခဲ့ရပြီး ​အခုအခါမှာ ​ဒုတိယမြောက် ​သူနာပြု ​ကူးစက်ခံနေရတာပါ။

အီဘိုလာ ​ရောဂါပိုး ​ကုသရေးမှာ ​ကာကွယ်ရေးအတွက် ​ဝတ်ရတဲ့ဝတ်စုံက ​တစ်ကိုယ်လုံးကို ​ကာကွယ်ပေးထားတာ ​မဟုတ်ပဲ ​လည်ပင်းကို ​ဖော်ထားတဲ့အတွက် ​အဲဒီကနေ ​ကူးစက်တာ ​ဖြစ်နိုင်တယ်လို့ ​လူနာကို ​ကုသပေးနေတဲ့ ​သူနာပြုတွေ ​စောဒက ​တက်နေချိန်မှာပဲ ​အခုလို ​နောက်တစ်ယောက် ​ကူးစက်ခံရတာ ​ဖြစ်ပါတယ်။

ပိုပြီး ​စိုးရိမ်စရာကောင်းတာက ​အခု ​ရောဂါပိုး ​ကူးစက်ခံနေရတဲ့ ​သူနာပြုဟာ ​အရင်ရက်တွေတုန်းက ​တခြားမြို့တွေကို ​လေယာဉ်နဲ့ ​ခရီးသွားခဲ့တဲ့အတွက် ​တခြားဒေသကိုလည်း ​ပျံ့နှံ့မှာကို ​စိုးရိမ်နေကြပါတယ်။

အာဏာပိုင်တွေကတော့ ​လေယာဉ်ပေါ်မှာ ​ရောဂါ ​ပျံ့နှံ့မယ့် ​အခြေအနေ ​နည်းပါးပေမယ့် ​လေယာဉ်ပေါ် ​လိုက်ပါလာသူ ​ခရီးသည် ​၁၃၂ ​ယောက်ကို ​သတိပေးတာတွေ ​လုပ်ထားတယ်လို့ ​သိရပါတယ်။

သေဆုံးသွားပြီ ​ဖြစ်တဲ့ ​အီဘိုလာ ​ရောဂါသည် ​Thomas ​Duncan ​ကို ​ကျန်းမာရေးဝန်ထမ်း ​၇၇ ​ယောက်က ​ကုသမှု ​ပေးခဲ့တဲ့အတွက် ​ကုသရေးမှာ ​ပါဝင်သူ ​အားလုံးကို ​ဘာကြောင့် ​သီးသန့်ခွဲထားပြီး ​စောင့်ကြည့်မှုတွေ ​မလုပ်ရဘူးလည်း ​ဆိုပြီးတော့လည်း ​မေးခွန်းထုတ်နေကြပါတယ်။

အီဘိုလာ ​ပိုးဟာ ​ကိုယ်ခန္ဓာအတွင်း ​၂၁ ​ရက်ကြာ ​ရောဂါပျိုးလေ့ရှိတဲ့အတွက် ​အဲဒီအတောအတွင်း ​ရောဂါပိုး ​ရှိနေတာကို ​မသိတဲ့လူတွေအနေနဲ့ ​သာမာန်အတိုင်း ​သွားလာနေတုန်း ​နောက်လူတွေကိုပါ ​ကူးစက်နိုင်တယ်ဆိုပြီး ​စိုးရိမ်နေကြပါတယ်။

လိုင်ဘေးရီးယား ​ဝန်ကြီးရဲ့ ​ဒရိုက်ဘာလည်း ​အီဘိုလာနဲ့ ​သေဆုံး

လိုင်ဘေးရီးယားနိုင်ငံ ​သယ်ယူပို့ဆောင်ရေး ​ဝန်ကြီးရဲ့ ​ကားမောင်းသမားက ​အီဘိုလာရောဂါနဲ့ ​သေဆုံးသွားတဲ့အတွက် ​ဝန်ကြီးကလည်း ​မိမိကိုယ်ကို ​တခြားလူတွေနဲ့ ​ခွဲခြားပြီး ​သီးသန့်နေထိုင်လိုက်ပြီ ​ဖြစ်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံ ​သယ်ယူပို့ဆောင်ရေးဝန်ကြီး ​Angela ​Bush ​က ​သူမအနေဲ့ ​နာမူနာကောင်း ​ပြသလိုတဲ့အတွက် ​သီးသန့်ခွဲခြား ​နေထိုင်မှု ​လုပ်လိုက်တာဖြစ်ပြီး ​အီဘိုလာရောဂါက ​သူ့ကိုပါ ​ကူးစက်မှု ​ရှိမရှိ ​သိရအောင် ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်မယ်လို့ ​ပြောပါတယ်။

သူ့ရဲ့ ​ကားမောင်းသမားက ​သူ့ကို ​ဖုန်းကနေ ​ဆက်သွယ်လာပြီး ​နေမကောင်းဖြစ်တဲ့အတွက် ​ဆရာဝန်ကို ​ပြသမှာဖြစ်ပြီး ​အလုပ်မလာနိုင်ကြောင်း ​အသိပေးခဲ့တယ်လို့ ​ဆိုပါတယ်။

သူကလည်း ​ဘယ်လို ​နေမကောင်းဖြစ်တာလည်းလို့ ​ဖုန်းဆက်မေးရာမှာ ​ဒရိုင်ဘာက ​သူ့မှာ ​ဌက်ဖျားရောဂါရှိတယ်လို့သာ ​ပြောခဲ့ပေမယ့် ​ နောက်ရက်ပိုင်းမှာပဲ ​အီဘိုလာ ​ရောဂါနဲ့ ​သေဆုံးသွားပြီဆိုတာကို ​သိခဲ့ရတယ်လို့ ​လိုင်ဘေးရီးယား ​ဝန်ကြီးက ​ပြောပြခဲ့ပါတယ်။

ပင်စင်စား ​ကျန်းမာရေးအမှုထမ်းဟောင်းတွေ ​အလုပ်ပြန်လုပ်ကြဖို့ ​ဂီနီသမ္မတ ​ပန်ကြား

တချိန်တည်းမှာပဲ ​အနောက်အာဖရိကဒေသမှာ ​အီဘိုလာ ​ရောဂါ ​ပျံ့နှံ့မှုတွေ ​ဖြစ်နေတဲ့အတွက် ​ဂီနီနိုင်ငံသမ္မတက ​အီဘိုလာ ​ရောဂါ ​တိုက်ဖျက်ရေးမှာ ​ပင်စင်ယူသွားပြီဖြစ်တဲ့ ​ဆရာဝန်တွေနဲ့ ​တခြား ​ကျန်းမာရေးလုပ်သားတွေလည်း ​ပြန်လည် ​အလုပ်လုပ်ကိုင်ကြဖို့ ​ပန်ကြားတောင်းဆိုလိုက်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာကြောင့် ​ဂီနီနိုင်ငံမှာ ​လူပေါင်း ​၈၀၀ ​နီးပါး ​သေဆုံးရပြီ ​ဖြစ်ပါတယ်။



အီဘိုလာ ရောဂါ ကူးစက်ခံနေရတဲ့ အမေရိကန် သူနာပြု Amber Vinson


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ