Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ပါဝင်စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်သဘောတူ၊ လန်ဒန်မှာဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီစစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ပါတယ်။

အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပနေတဲ့ ဥရောပအာရှ ASEM အစည်းအဝေးကာလအတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက အခုလို သဘောတူလိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဗြိတိန်သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး AFP သတင်းဌာန ရေးသားပါတယ်။

ဝန်ကြီးချုပ်ကင်မရွန်းအနေနဲ့ ခိုတောင်းအမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ သဘောတူရရှိခဲ့ကြောင်း၊ အဓိကအားဖြင့် စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကို စစ်ဆေးရာမှာ လွတ်လပ်စွာ ဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ဖြစ်ကြောင်း ဗြိတိန်သံတမန်အသိုင်းဝိုင်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားပါတယ်။

ဒီလို စွပ်စွဲရာမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးပြောဆိုချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် အမှုမှန်နဲ့တရားခံအမှန် ဖော်ထုတ်အရေးယူပေးဖို့ ဗြိတိန်နဲ့ မြန်မာအစိုးရအပါအဝင် လူ့အခွင့်ရေးအဖွဲ့စည်းတွေက တောင်းဆိုနေကြပါတယ်။

အရင်ရက်တွေကတော့ ဒီလိုနိုင်ငံခြားက ဝင်ရောက်စစ်ဆေးတာမျိုးကို ထိုင်းဝန်ကြီးချုပ်ကရော ထိုင်းရဲတပ်ဖွဲ့ကပါ အချုပ်အခြာအာဏာထိပါးမှုအဖြစ် လက်မခံကြောင်း ပြောကြားခဲ့ကြပါတယ်။

တချိန်ထဲမှာလည်း ခိုတောင်းကျွန်းလူသတ်မှု အမှုမှန်ဖော်ထုတ်နိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် နေအိမ် ရှေ့မှာ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ဗြိတိန်နိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ