ဒီနေ့ဟာ မြ၀တီကနေ ဘားအံကို ကားအဆင်းနေ့ဖြစ်ပြီး DKBA အဖွဲ့က မည်သူကို ရည်ရွယ် ပစ်ခတ် မှန်းတော့ မသိရသေးဘူးလို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးနိုင်မောင်ဇော်က RFA ကိုပြောပါတယ်။
"ဒီနေ့ ၁၁ နာရီ ၁၅ အချိန်မှာ မြဝတီကနေ ဘားအံဖက်ကိုဆင်းလာတဲ့ ခရီးသည်တင်ယာဉ်တန်းကို DKBA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လိုက်တာ အလယ်ဗိုလ်တဲဈေးဆိုင်တန်းနေရာမှာ ကျပြီးတော့မှ ခရီးသည်ကားသွားထိတဲ့အချိန်မှာ ကားပေါ်မှာပါတဲ့ ကျား ၄ ဦး သေဆုံးသွားတယ်၊ နောက်ရဟန်း ၁ ပါး ဒဏ်ရာရတယ်၊ ကျား ၆ ဦး မ ၂ ဦး ဒဏ်ရာရတယ်"
DKBA အဖွဲ့က သိမ်းယူထားတဲ့ မြန်မာ့တပ်မတော်ပိုင် လက်နက်တွေကို ဒုတိယဗိုလ်ချုပ်ကြီး စောမူဆေးက ကော့ကရိတ်မြို့ရှိ စခရ ၁၂ စစ်ကွပ်ကဲရေးဌာနမှာ မြန်မာစစ်တပ်အရာရှိတွေကို ပြန်လည်အပ်နှံခဲ့ပြီး နောက်တစ်နေ့မှာပဲ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
မြ၀တီမြို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ အခြေစိုက်ရာဒေသဖြစ်ပြီး အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေဟာ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရောစတဲ့ မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။




































No comments:
Post a Comment