Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုသာမဲပေးရန် သျှမ်း/အရှေ့လူထု ဖိအားပေးခံရ

အောက်တိုဘာ ၁၃ ရက် ၂၀၁၄

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့န ယ် အတွင်းနေ ကျေးလက်ဒေသခံများအား ပြည်ခိုင်ဖြိုး ပါတီဝင် များက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီကိုသာ မဲပေးထောက်ခံရမည်ဖြစ်ကြောင်း ကျေးရွာအုပ်စုတခုတွင် တအိမ်တက်ဆင်းပြောကြားသည်ဟု ဆိုသည်။

၂၀၁၄ စက်တင်ဘာလ နှောင်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် မိုင်းနုန်း နှင့် ၎င်းကျေးရွာအုပ်စုဝင် ရွာ ၇ ရွာအား မိုင်းခတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များက ၂၀၁၅ ရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ သွားရောက်ဖိအားပေးသည်ဟု ဆိုသည်။

“အခုလာပြောတာက မိုင်းခတ်မြို့ နောင်မိုရပ်မှာနေတဲ့ ဦးအောင်သန်း နဲ့ ဦးအိုက်တီလေ။ သူတို့က လူအင်အား ၄-၅-၆ ယောက် လောက်ပဲလာတယ်။ အိမ်တိုင်းကို တအိမ်တက်ဆင်းပြီးပြောသွားတာ။ ကျုပ်တို့ ပြည်ခိုင်ဖြိုးပါတီကို မဲပေးမလား မပေးဘူးလား။ ခင်ဗျားတို့ သိထားဖို့က သျှမ်းလူမျိုးပါတီက ခင်ဗျားတို့ကို ဘာမှ လုပ်ပေးနိုင်တာမရှိဘူး ။ ခင်ဗျား တို့ လိုအပ် ချက်ဖြည့်ပေးနိုင်တာ ဒီ (ပြည်ခိုင်ဖြိုး) ပါတီဘဲရှိတာ - လို့လာပြောတာ။” - ဟု မိုင်းနုန်းဒေသခံ စိုင်းနန်လုံ ကပြောသည်။

အမည်မဖေါ်လိုသည့် မိုင်းခတ်မြို့ပြည်ခိုင်ဖြိုးပါတီတဦးက အထက်အမိန့်အရ ကောက်ခံကြည့်ရတာဖြစ် ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

တာချီလိတ်မြို့ရောက် မိုင်းနုန်းဒေသခံ ခွန်စိုင်းခမ်းကတော့ - ‘ရွေးကောက်ပွဲက အချိန်လိုသေးတယ်။ ဘယ်ပါတီကို မဲထည့်ရမယ်ဆိုတာ ဘာလို့အခုကတည်းက ဆုံးဖြတ်ရမှာလဲ။ ရွေးကောက်ပွဲမှ ဆုံးဖြတ် ရမှာလေ။ ဒါကျနော်တို့အခွင့်အရေးဘဲ။ အခုက ဒီလိုမဟုတ်ဘူး။ မဲမထည့်ရင် ခင်ဗျားတို့ သိမယ် လို့ ခြိမ်းခြောက်သေးတယ်’ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကျိုင်းတုံမြို့ မြောက်ဘက် ကီလိုမီတာ ၈၀ ခန့် မိုင်းခတ်မြို့နယ် မိုင်းနုန်းကျေးရွာ အုပ်စုသည် မိုင်းနုန်း ရွာမအတွင်း အိမ်ခြေ ၂၄၀ ကျော်ရှိ၏။ ယန်းလုံ၊ ပါကန်၊ ခမ်းနွဲ့၊ တပ်မိုင်၊ ဝမ်စုန်၊ ဝမ်အန်၊ ယန်းဇိုင် စသည့်ကျေးရွာများလည်း မိုင်းနုန်းအုပ်စုဝင်များဖြစ်ကြသည်။


ဓါတ်ပုံ: မိုင်းနုန်းဒေသပြမြေပုံ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ