Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

မြန်မာအလုပ်သမား ၂ ဦး ဖမ်းဆီးစွပ်စွဲထားမှု မြန်မာ မကန့်ကွက်ကြောင်း ထိုင်း ဝန်ကြီးချုပ်ပြောကြား

ထိုင်းတောင်ပိုင်း ခိုထောင်ကျွန်းလူသတ်မှုအတွက် မြန် မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားတဲ့ အပေါ် မြန်မာ အစိုးရ ဖက်က စိုးရိမ်ကြောင်း ပြောဆို ကန့်ကွက်တာ မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချားက ပြောကြား လိုက်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်က ထိုင်းလူသတ်မှု အတွက် မြန် မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထားတဲ့ အမှုမှာ မျှမျှတတ စုံစမ်း စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို ခဲ့ကြောင်း သတင်းတွေ ထွက်လာ အပြီး ထိုင်းဝန်ကြီးချုပ်က အခုလို ဖြေကြား လိုက်တာဖြစ်ကြောင်း စနေနေ့ထုတ် ထိုင်းပြည်တွင်းထုတ် the Nation သတင်းစာက ရေး သား ထားပါတယ်။

တချိန်ထဲမှာလည်း လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အစီရင်ခံစာမှာ သက်သေအထောက် အထား လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် လာမယ့် ကြာသပတေးနေ့ နောက်ဆုံးထား ပြင်ဆင်တင်ပြဖို့ ဆူရတ်သနီ အခြေစိုက် အမှတ် ၈ ဒေသကြီး ရှေ့နေချုပ်ရုံးက ထိုင်းရဲတပ်ဖွဲ့ကို ပြောကြားလိုက်ကြောင်း မနေ့က ထုတ်ဝေတဲ့ Bangkok Post သတင်းစာက ရေးသားထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲရဲ့ ပြောခွင့်ရသူ ရဲမှူး Kissana Phathanacharoen က ဗြိတိန် နိုင်ငံ သား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကို စွပ်စွဲခံရသူ မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ ပြန်ရုတ်သိမ်းတာမရှိကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ တိကျခိုင်မာတဲ့အထောက်ထားရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဝန်ခံချက်ရဖို့ နှိပ်စက်ညှဉ်းပန်းတာမျိုးလည်းမလုပ်ခဲ့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ငြင်းပါတယ်။

ထိုင်းရဲမှူး Prachum ကတော့ စွပ်စွဲဖမ်းဆီးခံထားရသူတွေ အနေနဲ့ အခြေခံလွတ်လပ်စွာ ပြောခွင့်ရှိတဲ့ အတွက် ပြောချင်ပြောခွင့်ရှိကြောင်း၊ သူတို့ ဝန်ခံသည်ဖြစ်စေ၊ ဝန်ခံချက်ရုတ်သိမ်းသည်ဖြစ်စေ အမှုအတွက် ရဲက ရှာဖွေစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ဘာမှထိရောက်မှု မရှိကြောင်း ပြောကြားပါတယ်။

သူတို့အနေနဲ့ ဝန်ခံထားမယ်ဆိုရင် တရားရုံးအမှုစီရင်တဲ့အခါ သက်ညှာတဲ့ အပြစ်ဒဏ်တောင်ရနိုင်ကြောင်းလည်း ရဲမှူး Prachum က ပြောပါတယ်။

ဒီလူသတ်မှုမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ရင် မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ သေဒဏ်အထိ ကျခံရဖို့ ရှိပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ