Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လေ့ကျင့်ခန်းမပြုလုပ်နိုင်တာကို အကြောင်းပြပြီး အ၀လွန်နေသူများ

ကိုယ်အလေးချိန်လျှော့ဖို့ လေ့ကျင့်ခန်းလုပ်ကြရမှာ ဖြစ်ပါတယ်။ သိလည်း သိပါတယ်။ ဒါပေမယ့် လူအတော်များများ မလုပ်ဖြစ်ကြပါဘူး။ လေ့ကျင့်ခန်း မလုပ်ဖြစ်တာကို အများဆုံး အကြောင်းပြကြတာကတော့ အချိန်မရှိလို့ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မတွေ အကြောင်းပြတာကတော့ တစ်နေ့လုံး ချက်ရ၊ ပြုတ်ရ၊ လျှော်ရ၊ ဖွတ်ရနဲ့ လှုပ်ရှားနေရတာ လေ့ကျင့်ခန်းလုပ်စရာတောင် မလိုဘူး။ ပြီးတော့ အချိန်လည်းမရှိဘူး ဆိုတာမျိုး ဘယ်နေရာသွားသွား ကြားနေရမှာ ဖြစ်ပါတယ်။
အမျိုးမျိုးဆင်ခြင်ပေးကြပေမယ့် တကယ်တော့ ပျင်းတာပါ။ ကျန်းမာရေးအတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ရမယ်ဆိုတာ သိပေမယ့် ထသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ မလုပ်ဖြစ်တာ ဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်မှာရှိတဲ့ စိတ်ပါပဲ။ စိတ်အင်အား(Will power) ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာကို မိမိစိတ်ထဲမှာ ဦးစားပေးနိုင်ဖို့ ဖြစ်ပါတယ်။ ညဘက်မှာ TVက ဇာတ်လမ်းတွဲတွေ၊ ဘောလုံးပွဲတွေကို ညဥ့်နက် သန်းခေါင်အထိ ထိုင်ကြည့်ဖို့တော့ အချိန်ရကြပြီး၊ မနက်စောစော ၁၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ဖို့တော့ အချိန်မရကြတာ ဖြစ်ပါတယ်။

ပါမောက္ခ Stuart Biddle သုတေသနပြုလုပ်ပြီး ရေးတဲ့ “ Cracking The Codeး The science Behind Motivation to Exercise” ဆိုတဲ့ စာအုပ်ထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ လူတွေစိတ်ပါလာဖို့ အချက်သုံးချက် လိုတယ်ပြောပါတယ်။ ပထမအချက်ကတော့ ကိုယ့်အတွက် သိသာတဲ့ တိုးတက်မှုရှိရမယ်။ ဒုတိယ အချက်ကတော့ ကိုယ့်အတွက်လုပ်ချင်ရမယ်။ တတိယအချက်ကတော့ လေ့ကျင့်ခန်းလုပ်ဖို့ စွဲလမ်းရမယ်လို့ ဆိုပါတယ်။ အဲဒီလိုမှမဖြစ်ရင်တော့ ခဏလုပ်ပြီး ရပ်သွားမယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ အကျင့်တစ်ခုလို လုပ်ဖို့ခက်ပေမယ့် အကျင့်ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။ လုပ်ယူလို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာကို စိတ်ထဲမှာ ပျော်ရွှင်လာပြီဆိုရင် တောက်လျှောက်လုပ်တော့မှာ ဖြစ်ပါတယ်။ အိမ်အလုပ်တွေများလို့ လေ့ကျင့်ခန်းလုပ်စရာ မလိုပါဘူးဆိုတဲ့ အိမ်ရှင်မတွေကို ပြောချင်ပါတယ်။ အိမ်အလုပ်လုပ်ရင်း လှုပ်ရှား နေရတဲ့အခါမှာ စိတ်က ပင်ပန်းနေပါတယ်။နှလုံးခုန်နှုန်းက မမြန်ပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ ကျန်းမာဖို့ လိုအပ်တဲ့ နှလုံးခုန်နှုန်း မရနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်။

လေ့ကျင့်ခန်း မလုပ်ဖြစ်တာ အကြောင်းအမျိုးမျိုးပြနေတဲ့ ကိုကိုတို့၊ မမတို့၊ ဦးဦး၊ ဒေါ်ဒေါ်တို့သိဖို့ကတော့ အဲဒါတွေရဲ့ နောက်ကွယ်မှာ ပျင်းနေတာက အဓိကပါ။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အချိန်လည်း ဒီလောက်မလို၊ ငွေကုန်စရာလည်း မရှိပါဘူး၊ လမ်းလျှောက်လို့လည်းရတယ်။ စက်ဘီးစီး၊ ရေကူး၊ ယောဂလုပ်၊ အမျိုးစုံ ရှိပါတယ်။ ကိုယ့်အိမ်ထဲ တီဗီဖွင့်ပြီး Aerobic လေ့ကျင့်ခန်း လုပ်လည်း ရပါတယ်။ အခုအခါမှာ Mobile Phoneနဲ့ အသုံးပြုလို့ ရတဲ့ Exercise App တွေ ရှိနေပါတယ်။

ကျန်းမာရေးအတွက် လိုအပ်တဲ့ နှလုံးခုန်နှုန်းရဖို့နဲ့ ကိုယ်အလေးချိန်လျှော့ဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ လိုပါတယ်။
( မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် EcoEcho Journal အတွဲ(၅)၊ အမှတ်(၅)မှဥာဏ်ကျယ်လေး(Eco) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်)




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ