Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

အီဘိုလာရောဂါကူးစက်မှာစိုး၍ လိုက်ဘေးရီးယား ၀န်ကြီးကို သီးသန့်ထားရှိ

မွန်ဂိုဗီးယား အောက်တိုဘာ ၁၅

လိုက်ဘေးရီးယား သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး အင်ဂျဲလာကစ်ဆဲလ်ဘုရှ်၏ ယာဉ်မောင်း နီမဲနဲဆူမိုမှာ အီဘိုလာရောဂါဖြင့် သေဆုံးပြီးနောက် ဝန်ကြီးကို ၄င်း၏ ဆန္ဒအရ အထူး သီးသန့် ခန်းတွင်ထားရှိကြောင်း အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုင်ဆက်ဂျက်ဆင်က မြို့တော် မွန်ဂိုဗီးယား၌ ပုံမှန်သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် သယ်ယူပို့ဆောင် ရေးဝန်ကြီးကို သီးသန့်ခန်းတွင်ထားရှိသည်ဟု သတင်းထောက်များအား ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး မစ္စစ်ဘုရှ်သည် အီဘိုလာရောဂါကူးစက်ခံရ သည်ဟူသော သတင်းဖော်ပြချက်မှာ မဟုတ်မမှန်ကြောင်း ဒုတိယပြန်ကြားရေး ဝန်ကြီးက ငြင်းဆိုပြီး သူမ၏ယာဉ်မောင်းသေဆုံးပြီးနောက် ၄င်း၏ဆန္ဒအရ သီးသန့်ထားရှိခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးသည် အောက်တိုဘာ ၃ ရက်နောက်ပိုင်းတွင် ၄င်း၏ယာဉ်မောင်း ဆူမိုနှင့်အဆက်အသွယ်မရှိတော့ကြောင်း ယင်းဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ရာတွင် ပြောကြားသည်။

ဝန်ကြီးဘုရှ်သည် ၄င်း၏ယာဉ်မောင်းသေဆုံးပြီးနောက် ကြိုတင်ကာကွယ်မှုပြုလုပ်သည့် အနေဖြင့် ၂၁ ရက်ကြာ သီးသန့်နေထိုင်ရန် မိမိဆန္ဒအလျောက် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဒုတိယပြန်ကြားရေးဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆူမိုနှင့် ထိတွေ့ဆက်ဆံ သည့် အရာရှိများနှင့် အမှုထမ်းများအနေဖြင့် ၂၁ ရက်ကြာ မိမိတို့အိမ်များ တွင်သာနေထိုင်ပြီး ကျန်းမာရေးအခြေအနေများကို စစ်ဆေးကြရန် တိုက်တွန်း ထားကြောင်း သိရသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ