လိင်အင်္ဂါ ပြောင်းလဲ ထားသူ အသက် ၂၄ နှစ်အရွယ် မာယံပရာစီယိုရဲ့ အလောင်းကို စနေနေ့ညပိုင်းမှာ အာဏာပိုင်တွေက တွေ့ရှိခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
သူနဲ့ သူ့ရည်စား ကမာကက် ဗော့ကီတို့ အတူနေတဲ့ တိုက်ခန်းကို ရဲတွေ ရောက်သွားချိန်မှာ ဗော့ကီက အနောက်တံခါးပေါက်ကနေ ထွက်ပြေးသွားတယ်လို့ အရာရှိတွေက ဆိုပါတယ်။
အသက် ၃၀ အရွယ် ဗော့ကီဟာ စားဖိုမှူးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ နောက်တော့ သူ့အလောင်းကိုလည်း စက်ရုံအလုပ်ရုံတွေက စွန့်ပစ်တဲ့ အမှိုက်ပုံမှာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
သူတို့ အတွဲနေထိုင်တဲ့ တိုက်ခန်း အနီးအနား ၀န်းကျင်က လူတွေက တိုက်ခန်းဆီက အနံ့ဆိုးထွက်နေတဲ့အကြောင်း ရဲတွေကို အကြောင်းကြားလို့ ရဲတွေ ရောက်လာပြီး အင်ဒိုနီးရှားအမျိုးသမီးရဲ့ အလောင်းကို အမှိုက်အိတ်ထဲမှာ တွေ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီတိုက်ခန်း မီးဖိုမှာ အရွယ်အစားကြီးတဲ့ အိုးကြီး တလုံးကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကြောင့် အနီးအနားမှာ နေထိုင်သူတွေက အံ့သြနေကြပါတယ်။ အမျိုးသားကို စိတ်ဝေဒနာရှင်တယောက်လို့ မထင်ခဲ့ကြသလို သူတို့ နှစ်ယောက်ကို ချစ်ချင်ခင်ခင်ပဲ တွေ့ခဲ့ရတယ်လို့ အိမ်နီးချင်းတွေက ဆိုကြပါတယ်။
အင်ဒိုနီးရှား မိန်းကလေးရဲ့ မိဘတွေကို ရဲက စုံစမ်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
![]() |
မာကက် ဗော့ကီနှင့် မာယံပရာစီယို |
No comments:
Post a Comment