Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

သံတွဲပဋိပက္ခနှင့် ဆက်စပ်ဖမ်းဆီး ခံထားရသူအား ထောင်တစ် သက်တစ်ကျွန်း ချမှတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း ပါဝင်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက် တစ်ကျွန်းချမှတ်လိုက်ခြင်းမှာ တရားမျှတမူ မရှိဟု သံတွဲဒေသခံများက ဝေဖန် ပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက သံတွဲမြို့နယ် သဗြုချိုင်နှင့် ဆင်ခေါင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ဆူပူမူများနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူများအထဲမှ ဆင်ခေါင်း ကျေးရွာသား ကိုဇော်ဇော်ထွန်း (၃၀) နှစ်အား သံတွဲခရိုင် တရားရုံးမှ ယခုလ ၂၄ ရက်နေ့က ထောင်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

“ ဒီထက်မက ရက်ရက်စက်စက် သတ်ဖြတ်မူတွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ထောင် ၁၀ နှစ် ၁၅ နှစ်နဲ့ ပိုင်းဖြတ်သွားမယ်ဆိုရင် လူနည်းစု မွတ်စလင်ဘာသာဝင်တွေအပေါ်မှာ မတရာရားကျပေမည်။  တစ်သက်တစ်ကျွန်း ခေါင်းစဉ်နဲ့ဝင်လာတော့ ဒါဟာ မျှတတဲ့ မှန်ကန်တဲ့လုပ်ရပ် ထင်တယ်” ဟု သံတွဲခရိုင်၊ ငပလီမြို့ရှိ အရပ်ဘက် လူမူ အဖွဲ့အစည်းမှ ဦးလှမော်ဦးက ဆိုသည်။

သံတွဲမြို့နယ်တွင် အောက်တိုဘာလ အရေးအခင်းမတိုင်မီ သြဂုတ်လအတွင်းက မွတ်စလင်ဘာသာဝင် ရခိုင်အမျိုးသား တစ်ဦးအား ကိုဇော်ဇော်ထွန်းကပင် ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဆိုသည်။ ယင်းအမူတွင် ကျူးလွန်သူ ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခြင်းမှာ မျှတမူ ရှိသည်ဟု သူက နိုင်းယှဉ် သုံးသပ်ပြောဆိုသည်။

ယခု ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် ခံလိုက်ရသူ ကိုဇော်ဇော်ထွန်းမှာ ဆင်ခေါင်းကျေးရွာတွင် မူးယစ်သောက်စားနေသူ လူမိုက်တဦး ဖြစ်ပြီး ယခု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မူ ရှိခဲ့ပြီး လူအခွင့်အရေးကို ကာကွယ်သည့် သဘောဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသည်ဟု ဒေသခံများက ပြောဆိုသည်။

သံတွဲမြိ့နယ် သဗြုချိုင်နှင့် ဆင်ခေါင်ကျေးရွာတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူအတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး အိမ် ၅၁ လုံး မီးရှို့ခံခဲ့ရကာ လူပေါင်း ၁၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယင်းအမူနှင့် ဆက်စပ်ပြီး လူပေါင်း ၂၃ ဦးကို ဖမ်းဆီးခဲ့ကာ ၁၃ ဦးကို ပါဝင်ပတ်သက်မူ မရှိသဖြင့် အမူမှ ကင်းလုံးကျွတ် ပြန်လွတ်ပေးခဲ့ပြီး ၁၀ ဦးအား ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။

ထိုအထဲတွင် ကိုဇော်ဇော်ထွန်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နောက်ထပ် (၉) ဦးအား ထောင် (၅) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ