Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

အမှန်တရားအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေသော်





ဘယ်နေရာ ဘယ်ရောက်ရောက် .. မင်း မြဲမြဲမှတ်ပါ .. မင်း မြန်မာ
..
ဦးအောင်ကိုလတ် ရေးခဲ့တဲ့ သီချင်းစာသားပါ
ဟုတ်ပါတယ်.. ဘယ်တိုင်းပြည်ပဲ ရောက်ရောက် .. မြန်မာလူမျိုးတွေရဲ့ စိတ်ထဲမှာ
ငါ မြန်မာ ဆိုတဲ့ စိတ် .. အမြဲ ရှိနေဖို့ လိုပါတယ်
တိုက်ခိုက်ခြင်း ထိခိုက်ခြင်း မဟုတ်ပေမယ့်
တစ်ချို့ သော လူတွေကတော့ .. တိုင်းပြည်ကြီး တစ်ခုမှာ နေနိုင်ရုံ အခြေချနေရုံနဲ့
ကိုယ့်ကိုကိုယ် မြန်မာဆိုတာ မေ့လိုက်ကြတာကို ၀မ်းနည်းစွာ မြင်တွေ့နေရပါတယ်

မြန်မာနိုင်ငံ အရေး ... မြန်မာ လူမျိုးတွေအရေး ဝေးဝေးက ရှောင်နေတတ်ကြတယ်
အဲလို လူတွေ ကြားကနေ ..
ဘယ်တိုင်းပြည် ဘယ်နေရာ ရောက်ရောက်
ကိုယ့် အမိမြေ မြန်မာပြည်ကို သိပ်ချစ်ကြတဲ့ သူတွေ
မြန်မာ့နိုင်ငံရေး ....
အနယ်နယ် အရပ်ရပ် .. ကမ္ဘာ အနှံ့က မြန်မာလူမျိုးတွေရဲ့ အရေးကို
ကိုယ်နဲ့ မဆိုင်သလို သဘောမထားပဲ ..
ရင်ဘတ်ကြီးနဲ့ ခံစားပြီး ..ပါဝင် တိုက်ပွဲဝင်နေကြတဲ့
မြန်မာစစ်စစ် မြန်မာနှလုံးသားအစစ်နဲ့ မြန်မာလူမျိုးတွေ ရှိနေတာ
သိပ်ကို ဂုဏ်ယူ ကျေနပ်စရာ ကောင်းပါတယ်
ဒီကနေ့ .. ဂျပန်နိုင်ငံ တိုကျိုမှာ .
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ မတရား စွပ်စွဲခံ
ဖမ်းချုပ်ခံထားရတဲ့
မြန်မာလူမျိုး ကောင်လေးနှစ်ယောက်အတွက်
အရေးကြီးရင် သွေးစည်းကြသည် ဆိုသလို
ဂျပန်ရောက် မြန်မာလူမျိုးများက ထိုင်းသံရုံးရှေ့မှာ အမှန်တရားကိုထုတ်ဖော်ပေးဖို့
ဆန္ဒပြခဲ့ ကြပါတယ်
သိပ်ကို လေးစားစရာကောင်းတဲ့ လူတွေပါ ..
ကြားရက်ဖြစ်နေတဲ့အတွက် လူတိုင်း အလုပ်ကိုယ်စီ ရှိကြပါတယ်
တစ်ချို့က အလုပ်တစ်ခုနဲ့ တစ်ခုကြား နားချိန်လေးမှာ ရောက်အောင်လာတယ်
တစ်ချို့က အလုပ်ဖျက်ပြီး လာကြတယ်
သူတို့ရဲ့ အနားယူချိန်တွေ .. သူတို့ရဲ့ အလုပ်ချိန် ..ပိုက်ဆံရတဲ့ အလုပ်တွေကို စတေးပြီး
ဘယ်နေရာ ဘယ်ရောက်ရောက် ငါတို့က မြန်မာလူမျိုးတွေ
ဘယ်တော့မဆို .. ဘယ်နေရာကမဆို မြန်မာဆိုတဲ့ အမည်နာမနဲ့
ငါတို့ လူမျိုးကို မတရားလုပ်ရင် လက်ပိုက်ကြည့်မနေ ..
ငါတို့ အားလုံး တိုင်းပြည်တွေ မတူ ..မိုင်တွေ ထောင်သောင်းချီ ဝေးနေပေမယ့်
ရင်ဘတ်ချင်း အတူရှိနေကြတယ်ဆိုတာကို သက်သေပြသွားခဲ့ကြပါတယ်
လေးစားပါတယ် ..ချီးကျူးပါတယ် ဂျပန်ရောက် မြန်မာများ ခင်ဗျာ
(၀မ်းနည်းစရာကောင်းတဲ့အနေနဲ့ .. ကျွန်တော်ကတော့ အဲဒီနေရာကို မရောက်ဖြစ်ခဲ့ပါဘူး . ဆိုင်မှာ မီးလောင်ရင်
အော်တိုမစ်တစ် ရေဖြန်း အသံမြည်တဲ့ စက်ခလုပ်နှစ်ခု ပျက်နေလို့
ဆိုင်ခန်းပိုင်ရှင်ရဲ့ အစီအစဉ်နဲ့ လာပြင်ဖို့ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက
ပြင်ဆင်ရေး လုပ်သားတွေကို ဒီနေ့ နေ့လည် ၂ နာရီမှာ ချိန်းဆိုပြီး ပြင်နေရလို့ပါ
ညနေ ၆ နာရီမှ အားလုံး ပြီးစီးခဲ့ပါတယ်)
ကျွန်တော်ကိုယ်တိုင် ပါဝင် ဆန္ဒပြခွင့် မရခဲ့ပေမယ့်
ကျွန်တော် မြန်မာတစ်ယောက်အနေနဲ့ .. ဘယ်နေရာ ဘယ်တိုင်းပြည်က
မြန်မာလူမျိုးတွေရဲ့ အရေးတိုင်းမှာ မဆို .. အားလုံးနဲ့ အတူတူ ရှိနေပါတယ်လို့
ပြောလိုပါတယ်ဗျာ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ