Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေကို ထိုင်းတောနက်ထဲမှ ကယ်တင်

အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပြီး အဲဒီသူတွေနဲ့ အတူ လှေနဲ့ လိုက်ပါလာတဲ့ တခြားသူ  ၁၇၆ ဦးကတော့ ပျောက်နေတယ်လို့ Bd New 24 com မှာ (176 Bangladeshis ‘sold’ as slave in Thailand?) ခေါင်းစဉ်နဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ငါးဖမ်းဘုတ်တွေနဲ့စက်ရုံတွေမှာ အလုပ် လုပ်ကြဖို့  လူကုန်ကူးသူုတွေက ရောင်းစားဖို့ လှေပေါ်တင် ခေါ်ဆောင်ခံကြရသူတွေ ဖြစ်ကြပြီး ထိုင်းတောနက်တွေထဲကနေ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သံရုံးက တာဝန်ရှိသူတွေဟာ သူတို့အထဲက လွှတ်မြောက်လာတဲ့ ဘင်္ဂလားဒေခ်ျ့နိုင်ငံသား ၁၃၄ ဦးနဲ့ သွားရောက်တွေ့ဆုံပြီး အင်တာဗျူး သွားလုပ်ရာမှာ အဲဒီ ၁၃၄ ဦးနဲ့ အတူ ဘင်္ဂလာဒေခ်ျ့ကနေ လှေနဲ့ ထွက်ခွာလာသူ ၁၇၆ ဦးရှိပြီး အခု သူတို့ ပျောက်နေတယ်လို့ ပြောဆိုပါတယ်။

အဲဒီ ၁၇၆ ဦးမှာ အမျိုးသမီး (၃) ဦးလည်း ပါဝင်ပြီး လူအများအပြားကတော့ အဖမ်းခံရမှာကိုစိုးပြီးရေထဲ ခုန်ချ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

သူတို့ကို ထိုင်းတာဝန်ရှိသူတွေ မရောက်မီ လူမှောင်ခိုသမားတွေက ကျွန်းပေါ်ကနေ ခေါ်ထုတ်သွားပြီလို့ ယုံကြည်မူတွေလည်း ရှိနေပါတယ်။

အဲဒီအထဲမှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ် ခေါ်ဆိုသူ မြန်မာပြည်ဖွား ဘင်္ဂလီ လူမျိုး(၁၆) ဦးသာ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ပါဝင်လာတဲ့ လူကြီးတစ်ဦးနဲ့ ကလေးတွေရဲ့ ပြောပြချက်အရ သူတို့ကို လူမှောင်ခိုသမားတွေက ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား ကမ်းခြေကနေ ပြန်ပေးဆွဲခေါ်ဆောင်ကာ ထိုင်းနိုင်ငံ တောင်ပိုင်းက ကျွန်းတွေက စခန်းတွေဆီကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အထဲက အများစုတော့ သူတို့ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်း အလုပ်လုပ်ဖို့ ခေါ်ဆောင်ခံရတာလို့ မှတ်ယူကြတယ်လို့ ဆိုပါတယ်။

သူတို့ကို လူမှောင်ခိုသမားတွေက ရိုက်ပုတ်တာတွေရှိသလို အစာလည်း အနည်းငယ်သာကျွေးတယ်လို့ ဖေါ်ပြပါတယ်။

ခုလို အလုပ် လုပ်ဖို့ ပြန်ပေးဆွဲ ခေါ်ဆောင်မူကတော့ ဘင်္ဂလာဒေခ်ျ့မှာ မရှိသလောက် နည်းပါးတယ်လို့ ပြောဆိုပါတယ်။

ထိုင်းလူမျိုး နှစ်ဦးကိုတော့ ဒီလူမှောင်ခိုမူနဲ့ ဆက်စပ်ပြီး တရားစွဲဆိုလိုက်တယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေကိုတော့ ရဲက ဆက်လက် လိုက်ရှာနေတုန်းဘဲလို့ ပြောပါတယ်။








ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ