Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

လောင်းကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ကော့မှူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အရေးယူဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၇

၇.၁၀.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာ၌ “ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မြို့သစ် မူလတန်းကျောင်းရှေ့အိမ်တွင် ဖဲချိန်းဝိုင်းတစ်ခု ပြုလုပ်ကြောင်း၊ ရဲအရာရှိကြီး ကိုဝင်းနောင်က မိန့်မိန့်ကြီးထိုင်ပြီး ဖဲကစား နေကြောင်း” စသည်ဖြင့် ဓါတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ရဲအရာရှိကြီး ၀င်းနောင် ဆိုသူမှာ အရာရှိတစ်ဦး မဟုတ်ဘဲ ကော့မှူးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ရဲတပ်ကြပ် ၀င်းနောင်ဖြစ်ပြီး ၎င်းမှာ ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်နှင့်
မလျော်ညီသော လောင်းကစားမှု၌ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြောင်း စိစစ် သိရှိရပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လောင်းကစားမှုများပပျောက်ရေးအတွက် စီမံချက်များချမှတ်ကာ ဆောင်ရွက်နေချိန်တွင် ယင်းကဲ့သို့ လောင်းကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူ ရဲတပ်ကြပ် ၀င်းနောင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြအပ်ပါသည်။

ကော့မူးမြို့နယ်မှာ ဖဲဝိုင်း ချဲဒိုင်/နှလုံးဒိုင်တွေကို အရေးယူပေးရန် ဒေသခံ ပြည်သူတွေ အကူအညီတောင်းခဲ့တာ ကြာပါပြီ။  ဒီနေ့တော့  ကော့မူးမြို့ မြို့သစ် ရပ်ကွက် မြိုသစ်မူလတန်း ကျောင်းရှေ့အိမ်မှာ ချိန်းဝိုင်း တစ်ခုဖြစ်တယ် ။ ကော့မူး ရဲစခန်းမှ ရဲအရာရှိကြီး ကိုဝင်းနှောင်ကတော့ ဖဲဝိုင်းမှာ မိန့်မိန့်ကြီး ထိုင်ပြီး ဖဲကစားနေလိုက်တာ လိုင်းကြေး ဘယ်လောက်ထိုးထားလဲ? ရဲကျင့်ဝတ်မှာ ဖဲကစားတာပါလာ?  အထွေထွေ အုပ်ချုပ်ရေးမူး/မြိုနယ် ရဲမူးကြီး စားဖို့ရှာပေးနေတာလာ?  သူတို့ကို တစ်ဝက်ပေးထားလို့ ငြိမ်နေကြတာလား?  ကော့မူး ချိန်းဝိုင်းမှာ ဖဲကစားချင်ရင်တော့ ရဲ ဝင်းနှောင်( Ph-09420134252)ကို ဆက်သွယ်လိုက်ပါ။ ဓာတ်ပုံထဲက ပါးစပ်ကို လက်နဲ့ အုပ်ထားတဲ့သူဟာ ရဲဝင်းနောင်ပါ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ