Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

စပိန်၊ ဆွစ်ဇာလန်တို့ ရှုံးပွဲကြုံခဲ့ပြီး အင်္ဂလန်၊ ယူကရိန်းတို့ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့ကြသည့် ယူရိုခြေစစ် ပွဲစဉ်များ

ယူရို ၂၀၁၆ ခြေစစ်ပွဲအုပ်စု ဒုတိယ ပွဲစဉ်များကို သောကြာ နေ့နံနက်ပိုင်း ကကစားခဲ့ကြရာ အင်္ဂလန်၊ ယူကရိန်း စသည့် အသင်းကြီးများ ဂိုးပြတ်နိုင် ပွဲများ ရရှိခဲ့ ကြသော်လည်း စပိန်၊ ဆွစ်ဇာလန် စသည့်အသင်းများရှုံးပွဲကြုံခဲ့ကြသည်။
Rooney-1

အုပ်စု(င)တွင် ပါဝင်နေသည့် အင်္ဂလန်အသင်းမှာ အိမ်ကွင်းတွင် ဆမ်မာရီနို အသင်းကို လက်ခံကစား ခဲ့ရာ၌ ၅-၀ ဂိုးဖြင့် အနိုင်ရ ရှိခဲ့ပြီး အုပ်စု တွင်း၌ရှုံး ပွဲမရှိရ လဒ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။
အုပ်စုအဖွင့် ပွဲစဉ်တွင် ဆွစ်ဇာလန် အသင်းကိုလည်း အနိုင်ရရှိ ထားခဲ့သည့် အင်္ဂလန်အသင်းသည် ဆမ်မာရီနိုအသင်းနှင့် ပွဲစဉ်တွင်လည်း အသင်းခေါင်းဆောင် ရွန်နီ၊၀ဲလ်ဘက်၊ စတာလင်၊ ၀ီလ်ရှိုင်းယား၊ မီလ်နာ စသည့် အမာခံကစားသမား အများစုဖြင့်ပွဲထွက်ခဲ့သည်။
ဆမ်မာရီနိုအသင်းမှာမူ ခံစစ်ကိုအသားပေးသည့် ပုံစံဖြင့်ပွဲထွက်ခဲ့ပြီး အင်္ဂလန်အသင်းကိုတုံ့ပြန်ကစားရန်ကြိုးပမ်းခဲ့သော်လည်းအင်္ဂလန်အသင်း၏တိုက်စစ်ကိုမ ကာကွယ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်အသင်း၏ အိမ်ကွင်းဝင်ဘလေကွင်းသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်ဦးရေစံချိန်တင်နည်းပါးခဲ့သော်လည်းအင်္ဂလန်အသင်းမှာပုံစံကောင်းပြသနိုင် ခဲ့သည်ဟုဆိုရမည်ဖြစ်ပြီး အသင်းခေါင်းဆောင်ရွန်နီလည်း ခြေစွမ်းပြကစားနိုင်ခဲ့သည်။
အင်္ဂလန်အသင်းအတွက် ဗွေဆော် ဦးဂိုးကို နောက်ခံကစားသမားဂျာဂျယ်ကာက ပွဲချိန် ၂၄မိနစ်တွင် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန် ၄၃ မိနစ် အရောက်တွင် ဆမ်မာရီနိုတိုက်စစ်မှူး အန်ဒီဆီလ်ဗာက ရွန်နီကိုဖျက် ထုတ်ပုံကြမ်းတမ်း သည့်အတွက် အင်္ဂလန်အသင်း ပင်နယ်တီကန် ခွင့်ရခဲ့ပြီး ရွန်နီကကန် သွင်းယူခဲ့သည်။
ယင်းဂိုးမှာ တိုက်စစ်မှူးရွန်နီအတွက် အင်္ဂလန်ကစားသမားဘ၀ ၄၂ဂိုးမြောက်ဖြစ်ပြီး အင်္ဂလန်အသင်း၏ ဂိုးသွင်းအများ ဆုံးကစားသမားဖြစ်သူဘော် ဘီချာလ် တန်၏ စံချိန်ကို လိုက်မီရန် ၇ ဂိုးသာ လိုအပ်တော့သည်။
ဒုတိယပိုင်းတွင်လည်း အင်္ဂလန်အသင်းကသာ ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီးအုပ်စုအဖွင့်ပွဲတွင် ဆွစ်ဇာလန်ကို နှစ်ဂိုးသွင်းနိုင်ခဲ့သည့် အာဆင်နယ်တိုက်စစ်မှူး ၀ဲလ် ဘက်က တတိယဂိုးကို သွင်းယူနိုင်ခဲ့ကာ ၎င်း၏ပုံစံကောင်းကိုဆက်လက်ပြသနိုင်ခဲ့သည်။ ဆမ်မာရီနိုအသင်းမှာ အင်္ဂလန်အ သင်းဂိုးပေါက်သို့တစ်ကြိမ်မှ မကန် သွင်းနိုင်ခဲ့သည့်အပြင် ထောင့်ကန်ဘောလည်းတစ်ကြိမ်မှမရရှိခဲ့ပေ။ အင်္ဂလန်အ သင်းအတွက် စတုတ္ထဂိုး ကို ၀ဲလ်ဘက် ၏နေရာတွင် လူစားဝင်လာသည့် စပါး   တောင်ပံကစားသမားတောင်းဆန့်က သွင်းယူခဲ့ပြီး ပွဲချိန် ၇၈မိနစ်တွင် ဆမ်မာရီနိုနောက်ခံလူဒဲလ်လာဗယ်လီကကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သည့်အတွက်အင်္ဂလန် တို့ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် ဆမ်မာရီနိုအသင်းဂိုးသမားဆီမွန်ဆီနီသည် အသင်းအတွက် ပွဲ ၄၀ ကစားရာ၌ ၁၇၆ ဂိုးထိ ခွင့်ပြုခဲ့ရသည့် မှတ်တမ်းတစ်ခုရရှိခဲ့သည်။
အုပ်စု(င)၏ အခြားပွဲစဉ်တစ်ခုဖြစ်သည့် ဆွစ်ဇာလန်အသင်းနှင့်ဆလိုဗေးနီးယားအသင်းတို့၏ ပွဲစဉ်တွင်မူ အဝေးကွင်းတွင်လာရောက်ကစားခဲ့သည့်ဆွစ်ဇာလန် အသင်းမှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂ ပွဲဆက်တိုက်ရှုံးပွဲရင်ဆိုင်ခဲ့ရသည်။ နာမည်ကျော်ကစား သမားများပါဝင်သည့် ဆွစ်ဇာ လန်အသင်းသည် ဆလိုဗေးနီးယား အသင်းကို အသာစီးရယူကစားနိုင်ခဲ့သော်လည်း ဆလိုဗေးနီးယားအသင်း၏မာကျောသည့် ခံစစ်ပိုင်းကို မ ကျော်ဖြတ်နိုင်ခဲ့သည့်အပြင် ပွဲချိန်၇၉မိနစ်တွင်တိုက် စစ်ကစားသမားနိုဗာကိုဗစ်၏ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အုပ်စု(ဂ)တွင် ပါဝင်နေသည့် နာမည်ကြီးစပိန်အသင်းမှာ ဆလိုဗက်ကီးယားအသင်း၏အိမ်ကွင်းတွင် ရုန်းကန်ခဲ့ရပြီး ၂-၁ ဂိုးဖြင့် ရှုံးပွဲ ရင်ဆိုင်ခဲ့ရသည်။အုပ်စုအ ဖွင့်ပွဲစဉ်တွင် မက်ဆီဒိုးနီးယားအသင်းကို ၅-၁ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရခဲ့သည့် စပိန်အသင်းသည် အဓိက ကစားသမားအစုံအ လင်ဖြင့်ပွဲထွက်ခဲ့သော်လည်း ဆလို ဗက်ကီးယား၏ ရုန်းအားကြောင့် နောက်ဆုံးရှစ်နှစ်အတွင်းယူရိုခြေစစ်ပွဲတွင် ပထမဆုံးရှုံး ပွဲကြုံခဲ့ရခြင်းဖြစ် သည်။ အိမ်ကွင်းတွင် ကစားခဲ့ရသော ဆလိုဗက်ကီး ယားသည် စပိန်ကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီးပွဲချိန် ၁၈ မိနစ်တွင် ရရှိခဲ့သော ကူ ကာ၏ သွင်းဂိုးဖြင့် ပွဲချိန် မိနစ်၈၀ခန့်အထိဦးဆောင်ထားနိုင်ခဲ့သည်။
စပိန်အသင်းသည် ပွဲချိန်တစ်လျှောက်လုံးအသာစီးကစားပြီး ချေပဂိုးရ ရန် ကြိုးပမ်းခဲ့သော်လည်း ဆလိုဗက်ကီးယား၏ မာကျောသည့်ကစားဟန်ကြောင့် ပွဲချိန် ၈၁ မိနစ်တွင်မှ ချေပဂိုးရရှိခဲ့ပြီး လူစားဝင် လာသည့်လူငယ် တိုက်စစ်မှူးအယ်လ်ကာဆာက သွင်းယူပေးခဲ့သည်။ သို့သော် ပွဲပြီးရန်ငါး မိနစ်ခန့်အလိုတွင် ဆလို ဗက်ကီးယားအတွက် သမိုင်းဝင်နိုင် ပွဲဖြစ်စေမည့်အနိုင်ဂိုးကို ချယ်လ်ဆီးကစားသမားဟောင်း ကွင်းလယ်ကစားသမားမီရိုဆလက်ဗ်စတော့ခ်ျကသွင်းယူပေးခဲ့သည်။
အခြားထိပ်သီးအသင်းများဖြစ်ကြသော ဆွီဒင်နှင့် ရုရှအသင်းတို့၏ ပွဲစဉ်မှာလည်း အကြိတ်အနယ် ရှိခဲ့ပြီး ၁-၁ ဂိုးဖြင့် ပြီးဆုံးခဲ့ကာ ရမှတ်တစ် မှတ်စီခွဲ ယူသွားခဲ့ ကြသည်။အဓိကတိုက်စစ်မှူး အီဘရာဟီမိုဗစ် မပါဝင်နိုင်ခဲ့သည့်ဆွီဒင်အသင်းမှာ အိမ်ကွင်းတွင်ရုန်းကန်ခဲ့ရပြီးရုရှအသင်းကိုနောက်မှလိုက်ကစားခဲ့ရကာသရေ တစ်မှတ်ရရှိအောင် ကြိုးစားခဲ့ရသည်။ ရုရှအသင်းအတွက်ဦးဆောင်ဂိုးကို တိုက်စစ်မှူးကိုကိုရင်က ပွဲ ချိန် ၁၀ မိနစ်တွင်သွင်းယူပေးခဲ့ပြီး ဆွီဒင်အတွက် ချေပဂိုး ကို ပွဲချိန် ၄၉ မိနစ်တွင်တိုက်စစ်မှူးတွိုင်ဗိုနင်က သွင်းယူပေးခဲ့သည်။

သောကြာနေ့ နံနက်တွင် ကစားခဲ့သော ယူရိုခြေစစ်ပွဲ ရလဒ်များ
ဘီလာရုစ်            ၀-၂       ယူကရိန်း
မက်ဆီဒိုးနီးယား   ၃-၂       လူဇင်ဘတ်
ဆလိုဗက်ကီးယား ၂-၁       စပိန်
အင်္ဂလန်             ၅-၀       ဆမ်မာရီနို
လစ်သူယေးနီးယား ၁-၀     အက်စ်တိုးနီးယား
ဆလိုဗေးနီးယား   ၁-၀       ဆွစ်ဇာလန်
လီချင်စတိန်း        ၀-၀       မွန်တီနီဂရိုး
မော်လ်ဒိုဗာ          ၁-၂       သြစတြီးယား
ဆွီဒင်                 ၁-၁       ရုရှ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ