Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

သာယာကုန်းရွာကသရဲ

  သိပ်တော့ မကြာသေးဘူး ဗျာ ... သီးတင်းကျွတ်မတိုင်ခင်ကပေါ့ ။ အလုပ်တွေ နဲ့ 
အမြဲ လိုလို နဘမ်းလုံးနေရတဲ့ ကျွန်တော်တို့ တွေ စိတ်ပြေလက်ပျောက် အနေနဲ့  အမေ ရဲ့  ဦးလေး တွေ ရှိတဲ့
ကန်ကြီးထောင်မြို့ နယ် သာယာကုန်းကျေးရွာကို အလည် သွားရာက စခဲ့တာပေါ့ ဗျာ ...
          အဲ့ဒီ့ မြို့ လေးက ကျွန်တော် တို့ နေတဲ့ ပုသိမ်မြို့ နဲ့  ဘယ်လောက်မှ မသွားရဘူး နီးနီးလေးဘဲ ကားသံ
ဆိုင်ကယ်သံ တွေ ဝေးတဲ့ ဒီနယ်လေးကို ရောက်တော့ မြို့ သားပီပီ ဟော့ရှော့ပေါဗျာ သရဲတစ္စေလည်း မယုံဘူး
ငယ်ငယ်က ဘွားဘွား ကို သရဲ အကြောင်းပြောခိုင်းရင် ဒီနယ်လေး နဲ့  အစချီ လေ့ ရှိတာကိုး ။ကိုင်း ... ခုရောက်
ပြီ ဘယ်မလည်း သူရဲ ? ။

          ဘကြီးတွေကို မေးကြည့် တယ် ဘကြီးတွေကတော့ ကြောက်မှာဆိုး၍လား မသိ
 “ တယ် ကီ ခလေး ပေါက်ကရပြောနေတာဘဲ ဘာ သရဲ မှ မရှိပါဘူးကွာ ” ဆိုပြီးဘဲ အော်ထုတ်တယ် ။
တယ် မြို့ ကနေ သရဲတွေ့ ချင် လို့  ဒီ ထိတောင် ရောက်မှဘဲ သရဲမြင်ဖူးမှ ပြန်မယ်ဟဲ့ ကို တွေးထားတာပေါ့ဗျာ
ရွာထဲက ရွယ်တူတွေကို မုန့် ကျွေးဘာကျွေးပြီး သရဲရှိတဲ့ နေရာ သိလားလို့  မေးကြ ည့် တာပေါ့ ။
 “ ဟင် ဒီက သူငယ်ချင်းက သရဲ ဘာလုပ်ဖို့  တွေ့ ချင်ရတာလည်း ဗျ”
“ဘာရယ် မဟုတ်ပါဘူးဗျာ ဗဟုသုတရတာပေါ့”
“အင်း အစိမ်းမ ရှိတယ် ဝေးဝေးမှာ မဟုတ်ဘူး မင်းဦးလေးတို့  အိမ်နောက်က ချောင်း ကိုတွေ့ လား ”
“အင်း တွေ့ တယ်လေ အဲ့မှာလား”
“အဲ့ မှာတော့ မဟုတ်ဘူး အဲ့ဘေးမှာ လှဲ(လည်း) ပင်နစ်ပင်ရှိတယ် အဲ့မှာ ရှိတယ် ဆရာ ရေ့ ”
“ဟုတ်လားဗျ ဘယ်လိုရှိတာလည်း”
ပြောရင်း နောက်ကျောမှ ကျပ်သီးဖြန်းကနဲ ထသွားတယ်။
“ အင်း ငါ့ကိုယ်တိုင် ကြုံခဲ့တာကို အရင်ပြောပြမယ် ဒီလိုကွ ”
“ဟုတ် နားထောင်မယ်”
နေ ခြစ်ခြစ်တောက် ပူနေသော်လည်း သစ်ပင်ကြီးအောက်မှာ ကောက်ရိုးပုံကို မှီလျှက် လူငယ်လေးငါးယောက်
အုပ်စုပွဲ စကားလက်စုံကျ မုန့် ပဲ သရေစာ စားကျရင်း ရွာလူကြီးသား ကျန်ကျင်းပေါင် (ကိုအောင်ထက်)ရဲ့ 
ကြုံခဲ့သော လှဲ(လည်း) ပင် သရဲအကြောင်း နားထောင်ခဲ့ရလေ၏။
   ငါးလုစားတဲ့အစိမ်းမ
တစ်နေ့  အောင်ထက် တစ်ယောက် ဗီဒီယို ရုံမှ အပြန်တွင်
“ကဲ သူငယ်ချင်း တို့  မင်းတို့  ပြန်နှင့်ကွာ ငါ နောက်ချောင်းထဲမှာ ငါးထောင်ထားတယ် ”
“ ဟ မနက်မှ ဖြုတ်ပါလား အောင်ထက် ရာ ”
“ဒီ ချိန်ကြီး မသွားပါဘူး အဲ့နေရာက ခပ်ကြမ်းကြမ်းရယ်”
“ဟား အဲ့လိုနဲ့  ခံရပေါင်း မနည်းဘူး မနက်ဆို သူများခိုးလို့ ငါးမရ ချိတ်(ငါးမြှားချိတ်)ပါဆုံးမှာ”
“ ဒါဆို လည်း မင်းသဘောကွာ ငါတို့ တော့ သွားပြီ ”
မိုးရာသီ ငါးရစ်တက်ချိန်ဆိုတော့ မိုးကလည်း ဖွဲ့ တည်းတည်းလေး နဲ့ ပေါ့  အောင်ထက် ဓာတ်မီးလေးနဲ့  ချောင်းဘေး
ဆီ သွားကာ ထောင်ထားတဲ့ မြှုံးလေးတွေ လိုက်ဖော် ကြည့် တော့ ဆယ်ငါးခုမှ ခုနစ်ခုက ငါးမိနေတယ် ငါးတွေဖြုတ်
အိပ်လေး ထဲ ထည့် ပြီး ထ မယ် ကျန်လိုက်တော့ ငါးအိပ်ကို နောက်ကာ ဆွဲထားသလို မျိုးနှင့် တင်းခနဲပေါ့ .....
ဘာ လည်း ဆိုပြီး ဓာတ်မီးနဲ့ နောက်ထိုးကြည့်လိုက် လေရာ မိန်းမမျက်နာ ဖွေးဖွေးကြီးကို ဘွားခနဲ ပက်ပင်းတိုး
လျှက် တည့်တည့်ကြီး ဓာတ်မီးနဲ့ ထိုးမိသွား၏။ တော်ရုံတန်ရုံ ဆို သတိလစ်အသက်ပါ ထွက်သွားနိုင်သည် ။
အောက်ထက် အသကုန်သုတ်ချေတင် အိမ်ပြန်ပြေးတော့၏။ အိမ်ရောက်တော့ တုန်တုန်ရီရီတွေ ဖြစ်ပြီး ရေမန်း
သောက် လိုက်ရတယ် ။
ကျွန်တော် နည်းနည်းတော့ ကျောချမ်းမိ၏ ။ခုရေးနေရင်းတောင် ကျောချမ်းတယ် ။ ပိုဆိုးသွားတာကတော့
သူပြောတာကို ထောက်ခံတာ ရွာထဲက အောင်လေး ပေါ့ဗျာ ။
   ခေါင်းဖြီးတဲ့ အစိမ်းသရဲမ
အောင်လေး မိဘတွေက ကွင်းထဲမှာ လယ်စိုက်တယ် ။ အောင်လေး လည်း ကျောင်းက ထွက်ပြီး သားယောင်္ကျား
လေး မို့  မိဘ ကို လယ်အလုပ်ကူလုပ်ပေးရတယ် ။ ဒီလို နဲ့  တစ်နေ့   မိဘတွေ အိပ်ပြန်သွားကျပြီ ။အောင်လေး
လယ်ထဲမှာ ဦးလေးနဲ့  လယ်ကူစောင့်မယ် ဆိုပြီး ကျန်ခဲ့ရင်း မစောင့်ချင်တော့လို့  နေ၀င်ရီတရော အိမ်ပြန် လာ
လေရာ ချောင်းတံတားက အကူး လှဲ(လည်း) ပင် ပေါ်မှာ ထမိန်ရင်လျား နဲ့  ခေါင်းဖြီးနေတဲ့ သရဲမကို တွေ့ သတဲ့
သူလည်း ကမန်းကတန်း ပြေးခဲ့ရတာ နောက်နေ့  အဖျားတက်ပြီးမနည်းကုလိုက်ရလေရဲ့ 
ကိုင်း ကျွန်တော်လည်း လက်ညောင်းပြီး နောက်နေ့ မှ ဆက်ပြောပြမယ် နော်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ