မောင်းကွခ်မြို့နယ်ထဲက နသန်လမ်းပေါ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ဆန္ဒပြသမားတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ အဆက်မပြတ်ရိုက်နှက်ခဲ့တာပါ။
ရောင်စုံထီးတွေ၊ မျက်နှာဖုံးတွေနဲ့ အကာအကွယ်ယူထားပြီး ထိုင်နေတဲ့ ဆန္ဒပြသမားတွေက ရဲတွေကို တုံ့ပြန် တိုက်ခိုက်တာတော့ မရှိပါဘူး။ ဒါပေမယ့် ဒေါသထွက်နေတဲ့ ဆန္ဒပြသမားတွေက လူမိုက်တွေ၊ လူမိုက်တွေလို့ ရဲတွေကို ပြန်အော်ပါတယ်။
နောက်တော့ ရဲတွေက ပြန်နောက်ဆုတ်သွားပြီး ဆန္ဒပြသမားတွေက နဂို နေရာတချို့မှာ ပြန်ပြီး စုရုံးကြပါတယ်။
ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ပေးဖို့ တောင်းဆိုနေတာပါ။




































No comments:
Post a Comment