ဗြိတိန်နိုင်ငံသား နှစ်ဦးကို မြန်မာ ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးက သတ်ပစ်ကြောင်း ထိုင်းရဲတွေက ပြောဆိုတဲ့အပေါ် မြန်မာသာမက၊ ထိုင်းနိုင်ငံသား တချို့နဲ့ ဗြိတိန်တွေကလည်း မယုံမကြည် ဖြစ်နေကြပါတယ်။
အဲဒီအတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်း သံတမန်ကို တနင်္လာနေ့က ဆင့်ခေါ်တွေ့ဆုံခဲ့သလို အင်္ဂါနေ့တုန်းကလည်း ထိုင်းနိုင်ငံမှာ အမှုထမ်းဆောင်နေတဲ့ ဗြိတိန်သံအမတ်ကလည်း ထိုင်းနိုင်ငံနဲ့ မြန်မာသံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီစုံစမ်းရေးမှာ ဗြိတိန်အနေနဲ့ ထိုင်းရဲတွေကို အကူအညီပေးနိုင်ကြောင်း ဗြိတိန်က ကမ်းလှမ်းတာကို ထိုင်းဝန်ကြီးချုပ် Prayut Chan-O-Cha က ငြင်းပယ်လိုက်ပါတယ်။
ထိုင်းနိုင်ငံကို ဘယ်သူမဆို လာလည်လို့ရတယ်ဆိုပေမယ့် ထိုင်းနိုင်ငံရဲ့ ကိစ္စဟာ ထိုင်းတွေရဲ့ ကိစ္စသာ ဖြစ်တယ်ဆိုတာ မမေ့သင့်ကြဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့သလို ကော့တောင်ကျွန်း လူသတ်မှု စုံစမ်းရေးဟာ ယုံကြည်စိတ်ချစရာ ကောင်းတယ်လို့လည်း တုံ့ပြန်ထားပါတယ်။
ထိုင်းရဲတွေကတော့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို မြန်မာတွေက သတ်ပစ်တယ်ဆိုတာ ဝန်ခံထားပြီ ဖြစ်သလို သေဆုံးသူကိုယ်ပေါ်မှာ ကျန်ခဲ့တဲ့ DNA ကို စစ်ဆေးရာမှာလည်း လူသတ်မှုနဲ့ တရားစွဲခံရသူ မြန်မာနှစ်ဦးရဲ့ DNA နဲ့ တိုက်ဆိုင်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာတွေကတော့ သူတို့ကို အတင်းဝန်ခံခိုင်းတာတွေ လုပ်ခဲ့ပြီး ညှင်းပမ်းမှုတွေလည်း ခံခဲ့ရတယ်လို့ ပြောဆိုထားတဲ့အတွက် ထိုင်းရဲတွေ ဝေဖန်ခံနေရတာပါ။
ထိုင်းရဲတွေကတော့ ညှင်းပမ်းနှိပ်စက်တာတွေ မလုပ်ရဘူးလို့ ပြောဆိုထားသလို သူတို့ စစ်ဆေးနေတုန်း ရှေ့နေတစ်ဦးပါ အတူတူ ရှိနေခဲ့တယ်လို့ ပြောဆိုထားပါတယ်။
![]() |
| သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို စစ်ဆေးစဉ် |




































No comments:
Post a Comment