Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

မနော်ရမံ္ဓ ရင်ပြင်အား ဆန္ဒဖော်ထုတ်နေရာအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ခ)အရ နိုင်ငံသား တိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး(သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်အခွင့် အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထား သည့်အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေး များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အလို့ငှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၆၄/၂ဝ၁၂ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေကို လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထက်ပါပြဋ္ဌာန်းထား ပြီးဖြစ်သောဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားများ၏ ယင်းအခွင့်အရေးများကို ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း များဆောင်ရွက်ရန်အလို့ငှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ မနောရမ္မံရင်ပြင်ကို ဆန္ဒဖော်ထုတ်ရန်နေရာအဖြစ် သတ်မှတ်လိုက်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာအမှတ် (၃၅/၂ဝ၁၄)အရ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ