Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

အန္တရာယ်ရှိဆိုးဆေးနဲ့ မုန့်တွေကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် မေးမြန်း

အခြေခံပညာသင် ကျောင်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့ အတွက် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ စစ်ဆေးနေကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ရောင်းချနေတဲ့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးစီမံချက်ကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲစိုးက မေးမြန်းခဲ့တာကို ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

"အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများရှိ ဈေးဆိုင်များမှာ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်ရန် ဆိုးဆေးအလွန်အကျွံ အသုံးပြုထားတဲ့ အစားအသောက်များကို တွေ့ရှိရတဲ့အတွက်ကြောင့် စာသင်ကျောင်း မုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်အား အထူးစီမံချက်အနေနဲ့ ၂ဝ၁၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်၊ စီမံချက်ဆောင်ရွက်တဲ့ ဒေသကတော့ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့ဖြစ်ပါတယ်"

အခြေခံပညာကျောင်းတွေမှာ ရောင်းချနေတဲ့ မုန့်ပဲသွားရည်စာတွေကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနထံ ပေးပို့သွားမှာဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ