Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်

ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပြစ်မှုပုဒ်မ ၄၀၉/၁၀၉နှင့် အစိုးရကို အကြည် ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) အမှုတို့ဖြင့် စွဲဆိုထားသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား အောက်တိုဘာ ၁၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဦးဆန်းဆင့်၏ အစ်ကိုလည်းဖြစ်၊ တရား လွှတ်တော် ရှေ့နေလည်း ဖြစ်သူ ဦးဆန်းမြင့်က အောက်တိုဘာ ၁၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

နောက်ဆုံး အမိန့်ချမှတ်မည့် အောက်တိုဘာ ၁၇ ရက်နေ့သည် ဦးဆန်းဆင့်၏ (၂၆) ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ (၂၅) ကြိမ်မြောက် ရုံးချိန်း တွင် နှစ်ဖက် ရှေ့နေများ က နောက်ဆုံး လျှောက်လဲချက် အပြန်အလှန် ပေးခဲ့ကြသည်။

““အောက်တိုဘာ ၁၇ ရက်နေ့မှာ နောက်ဆုံး အမိန့်ချပါမယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကတော့ နောက် ဆုံး လျှောက်လဲချက် ပေးကြတာပေါ့။ ကျွန်တော် တို့ ဘက်ကတော့ အမှု နှစ်ခုစလုံးကို စွပ်စွဲထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ ၁၂၄(က) စွဲဆိုချက်ပါ အင်္ဂါရပ်တွေနဲ့ အမှုအကြောင်း အခြင်းအရာသည် ညီညွတ်မှု မရှိသည့် အတွက် ဒီအမှုကနေ အပြီးအပြတ် ပြန်လွှတ် ဖို့ လျှောက်လဲ ချက် ပေးပါတယ်။ ဟိုဘက်က တရားလိုဆိုက်မှာ ပါဝင်ဆောင်ရွက်နေတဲ့ စသုံးလုံး ရှေ့နေနဲ့ ခရိုင်ဥပဒေ အရာရှိတွေကတော့ အပြစ်ပေးဖို့ပေါ့ဗျာ။ ကျွန်တော်တို့ ဘက်ကတော့ လွှတ်ဖို့ပေါ့။ လွှတ်ဖို့ဆို တာကလည်း အမှုမှာ ပေါ်ပေါက်ချက်တွေနဲ့ စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ အင်္ဂါရပ်တွေကို ကျွန်တော်တို့က ရှင်းလင်း သုံးသပ်ပြီးတော့ ငြိစွန်းမှု လုံးဝမရှိသည့်အတွက် လွှတ်ပေးဖို့ ဦးဆန်းဆင့် ဘက်ကရှေ့နေများက လျှောက်လဲချက် ပေးပါတယ်။ ဒါကိုရုံးတော်မှာ ဒီအမှုကို မှန်ကန်စွာ သုံးသပ်ပြီးတော့ ဆုံးဖြတ်ချက်ကို ရုံးတော်က ချရမှာပါ””ဟု တရားလွှတ်တော်ရှေ့နေ ဦးဆန်းမြင့်က မြန်မာ သံတော်ဆင့်သို့ ပြော သည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ရုံးချိန်းအား တစ်ပတ်တွင် ၂ ကြိမ် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ““တစ်ပတ် ၂ ကြိမ် ချိန်းတယ်။ အဲဒီ တစ်ပတ် ၂ ချိန်ကို ကျောခိုင်း လာပြီ၊ ရှေ့ပဲ ကြည့်တော့မယ်။ ကံကောင်းလို့ မသေတယ်။ အခုတော့ နောက် ဆုံး လျှောက်လဲချက် ပေးပြီးပြီ””ဟု တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဒက္ခိဏခရိုင် တရားရုံး၌ ဦးဆန်းဆင့်၏ (၁၅)ကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ၀န်ကြီး အပါအ၀င် ပြန်ခေါ် သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီး ၁၉ ကြိမ်မြောက် ရုံးချိန်းတွင် အဓိက စစ်ဆေးချက်များ စစ်ဆေး၍ တရားခံပြ သက်သေများအား စတင် စစ်ဆေးခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့လျှင် အောက်တိုဘာ ၁၈ ရက်နေ့တွင် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို တော်ဝင်နှင်းဆီခန်း မ၌ မီဒီယာသမားများနှင့် အမေးအဖြေ အစီအစဉ်တစ် ရပ် ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းနေ့တွင် အမိန့်မချမှတ် ခဲ့ပါက အမေးအဖြေ အစီအစဉ် ပြုလုပ် မည့် ရက်ပြောင်း လဲနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ဆက်လက် ပြောကြားသည်။







ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ