Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မြန်မာအသင်း ကွာတားတက်ရန် ယနေ့အဆုံးအဖြတ်ကစားရမည်

ရန်ကုန် အောက်တိုဘာ ၁၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ပြိုင်ပွဲအုပ်စု(က)နှင့် (ဂ)ပွဲစဉ်များကို အောက်တိုဘာ ၁၃ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းမှာ ကွာတားဖိုင်နယ် တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အီရန်အသင်းနှင့် ကစားရမည် ဖြစ်သည်။

မြန်မာအသင်းမှာ ဒုတိယပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိခဲ့သော ကြောင့် ကွာတားတက်ရန် အခြေ အနေကောင်းသွားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၂ ရက်ပွဲစဉ်များ အပြီးတွင် အုပ်စု(က)၌ အိမ်ရှင်မြန်မာ အသင်းနှင့် ယီမင်အသင်းတို့က လေးမှတ်စီ၊ ထိုင်းအသင်းက သုံးမှတ် ရရှိထားပြီး နောက်တစ်ဆင့်တက်ရန် အပြိုင်ဖြစ်နေသည်။ မြန်မာအသင်းမှာ နောက်ဆုံးပွဲ၌ အီရန်အသင်းကို သရေကစားနိုင်ရုံဖြင့် နောက်တစ်ဆင့် တက်နိုင်မည်ဖြစ်ပြီး အုပ်စုပထမ နေရာရရန်အတွက် အနိုင်ကစား ရမည်ဖြစ်သည်။ မြန်မာအသင်းနှင့် ကစားရမည့် အီရန်အသင်းမှာ နှစ်ပွဲ စလုံးရှုံးထားပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။ အုပ်စု နောက်ဆုံးပွဲစဉ်များ ကို တစ်ချိန်တည်းကစားမည်ဖြစ်ပြီး ညနေ ၆ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ မြန်မာနှင့် အီရန်၊ ဝဏ္ဏသိဒ္ဓိကွင်း၌ ထိုင်းနှင့် ယီမင်အသင်းတို့ ကစားမည် ဖြစ်သည်။

အုပ်စု(ဂ)နောက်ဆုံးပွဲစဉ်များ ကိုလည်း ယနေ့ ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိရန် ကြိုးပမ်း နေသည့် မြန်မာအသင်းအနေဖြင့် ပထမအဆင့်အဖြစ် ကွာတားဖိုင်နယ် ရောက်ရှိအောင် ပရိသတ်အားပေး မှုဖြင့် ခြေကုန်ထုတ်၍ ကြိုးပမ်းရမည် ဖြစ်သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ