ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

စပါးနည်းပြ အဖြစ်ရှိစဉ်က ဗီအဲရာနှင့် ဆွာရက်ဇ် ကိုခေါ်ရန်အခွင့် ရေးရခဲ့ဟု ရက်ဒ်နပ်ပြော

ကျူပီအာနည်းပြ ရက်ဒ်နပ်က ၎င်းသည်စပါးအသင်းတွင်ရှိစဉ် ဗီအဲရာနှင့် ဆွာရက်ဇ်တို့ကို အခွင့်ရေးရခဲ့ပုံများကို ကိုယ်ရေးစာအုပ် သစ်တွင်ပြန်ပြောင်းပြောဆို ထားသည်။
Patrick Vieira-Luis Suarez
'A Man Walks On To a Pitch' ဟု အမည်ရသော စာအုပ်တွင် အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာသည် ၂၀၀၉ခုနှစ်တွင်အင်တာမီလန်အသင်း၌ဆက်   နေရန် ဆုံးဖြတ်ခြင်းမရှိမီ ကစားသမား၏နေအိမ်တွင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု ရက်ဒ်နပ်ကရေးသား ထားသည်။
"ဟမ့်စတက်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ဗီအဲရာနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့လို့ သူ့ကိုလူတွေဘယ်လိုထင်မှာ ဘယ်လိုအကျိုး ဆက်တွေဖြစ်လာနိုင်တာစတဲ့ အရာတွေကို သူတစ်ခုမှ မကြောက်ရွံ့ခဲ့ပါဘူး။ သူ့ရဲ့ရပ်တည်မှုအပေါ်မှာ သူ့ကိုယ်သူယုံကြည်မှုရှိတဲ့သူလည်း ဖြစ်ပါတယ်။
သူနဲ့ပတ်သက်ပြီးအသင်းပိုင်ရှင်လေဗီ နဲ့ ပြောဖြစ်တာကိုလည်း မှတ်မိပါသေးတယ်။ ပရိသတ်က သူ့ကိုလက်မခံလောက်ဘူးလို့ လေဗီကပြောခဲ့တယ်။ ကျွန်တော်လဲအဲဒါကိုသိပါတယ်။ ဗီအဲရာကို စပါး အင်္ကျီအဖြူရောင်နဲ့တွေ့ရဖို့ ကျွန်တော်တို့အပေါ်မှာပဲ မူတည်ခဲ့တာပါ" ဟု ရက်ဒ်နပ်ကပြောသည်။
ဆွာရက်ဇ်နှင့်ပတ်သက်၍လည်း ၂၀၁၁ တွင်အေဂျက်ဇ်မှထွက်ခွာပြီး လီဗာပူးလ်သို့မပြောင်းမီ ရုဒ်ဂူးလစ်က ခေါ်ယူရန် အကြံပြုခဲ့ သော်လည်း မခေါ်ဖြစ်ခဲ့သည့် အတွက် ၀မ်းနည်းမိကြောင်း ရက်ဒ်နပ်ကပြောသည်။ ရက်ဒ်နပ်က "ကျွန်တော့်နည်းပြသက်တမ်းတစ်လျှောက်မှာ ၀မ်းနည်းစရာအကောင်း ဆုံးအဖြစ်တွေထဲက တစ်ခုကတော့ အခွင့်အရေးရပါလျက်နဲ့ ဆွာရက်ဇ်ကို မခေါ်ခဲ့တာပါပဲ။ ရုဒ်ဂူးလစ်ကလည်း သူ့ဟာထူးချွန်တဲ့ကစားသမားဖြစ်ကြောင်းနဲ့ ခေါ်လိုက်ဖို့ ကျွန်တော့် ကို တိုက်တွန်းခဲ့ပါသေးတယ်"ဟု ပြောသည်။ ဆွာရက်ဇ်မကြောင်း သေချာ မသိချိန်တွင် ခေါ်ယူရန်ဆုံးဖြတ်စဉ်၌ ပြောင်းရွှေ့ကြေးက စပါးအသင်းအတွက် အ တားအဆီးဖြစ်ခဲ့ရကြောင်းနှင့် လီဗာပူးလ်က ခေါ်ယူသည့် ပြောင်းရွှေ့ကြေး ပေါင် ၂၂ ဒသမ ၈ သန်းကို စပါးအသင်းပေးချေရန် မတတ်နိုင်ခဲ့ကြောင်း ရက်ဒ်နပ် က ပြောသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ